ဒါက အမြင်နောက်တခုပေါ့
M2 နောက်ပိုင်းကနေစရမှာပေါ့
MSC နဲ့ Mserie တွေမှာ မြန်မာအသင်းကို
ချံပီယံအသင်းအဖြစ် မြင်ကြည့်လို့ မရခဲ့ဘူး
ဒါကလဲ ကိုယ့်အသင်းရဲ့ အရည်ချင်းနဲ့
တဖက်ပြိုင်ဘက်တွေရဲ့ သာလွန်မူ့ကြောင့်
Champions ဖြစ်မယ့်အသင်းလို့ လုံးဝကို မထင်ခဲ့ဘူး
အခုဒီ M6 မှာကျတော့အဲ့လိုမဟုတ်တော့ဘူး
အတွေ့ကြုံကောင်း ဝါရင့်ကစားသမားရယ်
စိတ်ဓာတ်အရမ်းကြံ့ခိုင်တဲ့ လူငယ် ကစားသမားနဲ့
အသင်းပေါ် ကောင်းကောင်း control လုပ်ပေးနိုင်တဲ့
Kidx လို ပလေယာ မျိုးတွေအပြင်
Coach ပိုင်းကိုပြန်ကြည့်မယ်ဆိုလဲ
မြန်မာ Coach ညိုချောကို ဘေးနားကနေ
ပါဝင်ကူညီပေးနေတဲ့ ph coach Arsy လဲရှိနေတော့
မြန်မာအသင်းကို champion အသင်းအဖြစ်
မြင်လာသလို ခံစားရတယ်
နောက်တခုပြောရမယ်ဆို
အခုကျန်ခဲ့တဲ့ ပြိုင်ဘက် 7 သင်းလုံးကလဲ
အရမ်းကြီးကောင်းနေတဲ့အထဲမပါတော့
မြန်မာအသင်းသာ တကယ်ကြိုးစားမယ်ဆို
Champions ဆိုတာ မဝေးတော့တဲ့ ပန်းတိုင်တခုပါပဲ
Credit
