သိမ်းငှက်တို့ရဲ့ ရှေ့ဆက်ခရီး (သို့မဟုတ် ) Falcon Esports ရဲ့ အနာဂတ်ပြိုင်ပွဲ
ယခုလက်ရှိ Falcon Esports က Fnatic ONIC PH ကိုရှုံးနိမ့်ထားပြီဆိုတော့ ရှေ့ဆက်ဘာဖြစ်မလဲ ၊ ဘယ်သူနဲ့တွေ့မှာလဲ ၊ ထွက်ရပြီလား စတဲ့မေးခွန်းတွေ ဆူညံနေတော့မှာပါ ။ အဖြေကမထွက်ရတဲ့အပြင် နောက်တစ်ဆင့်တက်ဖို့လည်း အလားအလာရှိနိုင်ပါတယ်။ Lower Bracket ကိုဆင်းရတာပဲရှိတာပါ။ ပွဲတော့ပိုပန်းတာပေါ့။
NIP Flash ကိုနိုင်ပြီး Upper Bracket နောက်တစ်ဆင့်ကိုတက်လှမ်းခွင့်ရတာ ကျွန်တော်တို့ကံကောင်းတယ်လို့ဆိုရပါမယ် ။Lower မှာ Team Vamos Vs Team Spirit မှာနိုင်တဲ့အသင်းက Falcon အသင်းနဲ့ယှဉ်ပြိုင်ရပါမယ်။
Onic Ph ကို 3:2 နဲ့ခံဆော့ထားနိုင်ထားတဲ့လက်စွမ်းက
ပေါ့သေးသေးတော့မဟုတ်ပါဘူး။ Falcon Esports က Team Vamos နဲ့တွေ့တွေ့ ၊ Team Spirit နဲ့တွေ့တွေ့ (၂)သင်းလုံးထက်ကို Falcon Esports က လက်ရည်ပိုသာလို့ Falcon နိုင်နိုင်ချေများစွာရှိပါတယ်။
TS ထက် ပိုကြမ်းတဲ့ Team Vamos ကို
ညိုချောလည်းတွေ့ချင်တယ်လို့ပြောထားတာမို့
ကိုညိုချောကိုယုံလိုက်လို့ရပါတယ်။
Dec 11 မှာ Team Vamos Vs Team Spirit တို့ပွဲစဉ်မှာ နိုင်တဲ့အသင်းက Falcon အသင်းနဲ့ယှဉ်ပြိုင်ရပါမယ်။ ဒီပွဲမှာရှုံးရင်တော့ထွက်ရမှာပါ။
M2 ကစပြီး M5 အထိ lower ကနေပြန်တီးတဲ့အသင်းတွေပဲ ချန်ပီယံဖြစ်တာပါ။ ကြားထဲ ပြင်ဆင်ချိန် (၃) ရက်နီးပါးရှိလို့ Falcon အသင်းအကောင်းဆုံးကျော်ဖြတ်နိုင်ပါစေ လို့ ကျွန်တော်ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာ
AAMG
