အိန္ဒိယက မြန်မာနိုင်ငံကို ဆန် မက်ထရစ်တန်ချိန် ၂၀၀၀ ကျော် ပေးပို့ကူညီမည်

ဒီဇင်ဘာ ၉

အိန္ဒိယအစိုးရသည် မြန်မာနိုင်ငံကို လူသားချင်းဆိုင်ရာစာနာမှုအကူအညီအဖြစ် ဆန် မက်ဒရစ်တန်ချိန် ၂၂၀၀ ကို ပေးပို့ကူညီသွားမည်ဖြစ်ကြောင်း သိရသည်။

အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Randhir Jaiswal ကလည်း မြန်မာနိုင်ငံကို ဆန်မက်ထရစ်တန်ချိန် ၂၂၀၀ ကူညီပေးပို့မည်ဖြစ်ကြောင်း အတည်ပြုပြောဆိုခဲ့သည်။

အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူက “အိန္ဒိယအစိုးရရဲ့ အရှေ့မျှော်မူဝါဒနဲ့ အိမ်နီးချင်းနိုင်ငံတွေကို ပထမ ဦးစားပေးမူဝါဒတွေအရ မြန်မာနိုင်ငံကို လူသားချင်းဆိုင်ရာစာနာမှုအကူအညီတွေ ပေးပို့သွားမယ်” ဟုပြောသည်။

အိန္ဒိယအစိုးရသည် မြန်မာနိုင်ငံသို့ ပေးပို့မည့်ဆန်များကို ချန်နိုင်းဆိပ်ကမ်းမှတစ်ဆင့် ပေးပို့သွားမည်ဖြစ်ကြောင်း သိရသည်။

အိန္ဒိယအစိုးရသည် မြန်မာနိုင်ငံအတွက် ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းနှင့် သဘာဝဘေးအန္တရာယ် ဆိုင်ရာအခက်အခဲများကို တုံ့ပြန်နိုင်ရန်အတွက် မြန်မာနိုင်ငံသို့ ယခင်ကလည်း ကူညီထောက်ပံ့ပေးခဲ့ဖူးကြောင်း ပြောသည်။

အိန္ဒိယအစိုးရသည် ပြီးခဲ့သော စက်တင်ဘာလကလည်း လူသားချင်းဆိုင်ရာစာနာမှုအကူအညီနှင့် သဘာဝဘေးအန္တရာယ်တုံ့ပြန်ရေးအတွက် တန်ချိန် ၃၂ တန် ရှိ လူသားချင်းဆိုင်ရာစာနာမှုအကူအညီများပေးပို့ခဲ့ဖူးကြောင်း သိရသည်။ မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်က နိုင်ငံရေးပြဿနာများ ဖြစ်ပွားလာခဲ့ပြီးနောက်ပိုင်း လက်နက်ကိုင် ပဋိပက္ခများကြောင့် လူသားချင်းဆိုင်ရာစာနာမှုအကူအညီ လိုအပ်သူအရေအတွက်မြင့်တက်လာခဲ့ပြီး နေရပ်စွန့်ခွာသူအရေအတွက် ၃ သန်းအထိ မြင့်တက်လာခဲ့ကြောင်း ကုလသမဂ္ဂက သတင်းထုတ်ပြန်ထားသည်။

Ref ,nenews

Credit - MT News Agency

#သတင်းဟင်းလေးအိုးကြီး

image