ပြင်သစ်၊ယူကရိန်းသမ္မတများထရမ့်ပ်နှင့် ရုရှား-ယူကရိန်းအရေးဆွေးနွေး
ပါရီ၊ဒီဇင်ဘာ ၈
ပြင်သစ်သမ္မတအမန်နူရယ်မက်ခရွန်သည် စနေနေ့မွန်းလွဲပိုင်းက ပါရီသို့အလည်အပတ်ရောက်ရှိနေသည့် ယူကရိန်းသမ္မတဇလန်းစကီးနှင့် အမေရိကန် ရွေးကောက်ခံသမ္မတဒေါ်နယ်ထရမ့်ပ်တို့နှင့်အတူ သုံးနိုင်ငံတွေ့ဆုံဆွေးနွေးခဲ့ကြောင်းသိရသည်။
ယခုတွေ့ဆုံမှုသည် နိုင်ငံတော်အကြီးအကဲများနှင့် အစိုးရအဖွဲ့ အကြီးအကဲဒါဇင်ပေါင်းများစွာကို ဖိတ်ကြားထားသည့် ပြန်လည်ပြုပြင်ထားသော နိုထရာဒမ်ဒယ်ပါရီဘုရားကျောင်း၏ ဖွင့်ပွဲအခမ်းအနားမတိုင်မီတွင်ပြုလုပ်ခဲ့ခြင်းလည်းဖြစ်သည်။
"အမေရိက၊ယူကရိန်းနှင့်ပြင်သစ်တို့ဟာ သမိုင်းဝင်နေ့တစ်နေ့မှာ နိုထရာဒမ် မှာ ဆုံတွေ့ခဲ့ကြပြီး ငြိမ်းချမ်းရေးနဲ့လုံခြုံရေးအတွက် ပူးတွဲကြိုးပမ်းကြမည်" ဟုလည်း မက်ခရွန်ကပြောကြားခဲ့သည်။
ဇလန်းစကီးကလည်း မက်ခရွန်ကို ယခုကဲ့သို့ အရေးကြီးသည့် အစည်းအဝေးကို ကျင်းပပေးသည့်အတွက် ကျေးဇူးတင်ကြောင်းပြောကြားခဲ့သည်။
"ကျွန်တော်တို့အားလုံး ဒီစစ်ပွဲကို အမြန်ဆုံးနဲ့တရားအမျှတဆုံးနည်းလမ်းနဲ့ အဆုံးသတ်စေချင်ပါပြီ" ဟုလည်း ၎င်း၏ X မီဒီယာအကောင့်၌ပြောကြားခဲ့သည်။
