20 ပတ် - ဘာသာပြန်ပါ။

တက္ကသိုလ်ဝင် စာမေးပွဲ ဝင်ရောက်ဖြေဆိုရန် ကျောင်းသား/သူ (၂၂၀,၀၀၀) ဝန်းကျင် စာရင်းပေးသွင်းထား

၂၀၂၅ ခုနှစ် မတ်လတွင်ကျင်းပမည့် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဝင်ရောက်ဖြေဆိုရန်ကျောင်းသား၊ကျောင်းသူ (၂၂၀,၀၀၀) ဝန်းကျင် စာရင်းပေးသွင်းထားကြောင်း ပညာရေးဝန်ကြီးဌာနမှ သိရသည်။

၂၀၂၅ ခုနှစ်မတ်လ (၁၇)ရက်မှစတင်ကာ မတ်လ (၂၂) ရက်အထိ မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ဓာတုဗေဒ/ပထဝီဝင်၊ ရူပဗေဒ/သမိုင်း၊ ဇီဝဗေဒ/ဘောဂဗေဒတို့ကို တစ်ရက်တစ်ဘာသာနှုန်းဖြင့် နံနက် (၉) နာရီမှ (၁၂) နာရီအထိ ပိတ်ရက်မရှိ ဖြေဆိုရမည်ဖြစ်ကြောင်း သိရသည်။

တက္ကသိုလ်ဝင်စာမေးပွဲအတွက် ဖြေဆိုခွင့်လျှောက်လွှာများကို ပြီးခဲ့သည့် စက်တင်ဘာလ (၁) ရက်မှ စတင်၍ ရောင်းချပေးခဲ့ပြီး စနစ်ဟောင်း နဝမတန်း အောင်မြင်ပြီးထားသူများ၊ စနစ်ဟောင်း တက္ကသိုလ်ဝင်စာမေးပွဲ ကျရှုံးထားသူများ၊ စနစ်သစ် တက္ကသိုလ်ဝင်စာမေးပွဲ ကျရှုံးထားသူများအား ပြင်ပဖြေအဖြစ် ဝင်ရောက် ဖြေဆိုခွင့်ပြုထားကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ မတ်လတွင် ဖြေဆိုခဲ့သည့် တက္ကသိုလ်ဝင်စာမေးပွဲနှင့် ဧပြီနှင့် မေလများတွင် အထူးအစီအစဉ်တစ်ရပ်အနေဖြင့် ကျင်းပခဲ့သည့် တက္ကသိုလ်ဝင်စာမေးပွဲများတွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စာမေးပွဲဖြေဆိုသူဦးရေ စုစုပေါင်း (၁၂၈,၈၂၀) ဦးရှိသည့်အနက် (၇၄,၅၉၂) ဦး အောင်မြင်ခဲ့ပြီး အောင်ချက်ရာခိုင်နှုန်းမှာ ၅၈ ရာခိုင်နှုန်းနီးပါး ရှိခဲ့ကြောင်း သိရသည်။

image
image
image