ဇီလန်စကီးက ရုရှားနဲ့ စေ့စပ်ညှိနှိုင်းဖို့ အသင့်ရှိနေကြောင်း ထရမ့်ပြော
နိုင်ငံတကာ၊ ဒီဇင်ဘာ ၉
ယူကရိန်းသမ္မတဗလာဒီမာဇီလန်စကီးဟာ စစ်ပွဲရပ်ဆိုင်းရေးအတွက် ရုရှားနိုင်ငံနဲ့ စေ့စပ်ညှိနှိုင်းဖို့ အသင့်ဖြစ်နေ ကြောင်း အမေရိကန်ရွေးကောက်ခံအကြိုသမ္မတဒေါ်နယ်ထရမ့်က ဒီဇင်ဘာ ၈ ရက်နေ့ (တနင်္ဂနွေနေ့) က ပြော ကြားလိုက်ပါတယ်။
ပြင်သစ်နိုင်ငံ ပဲရစ်မြို့မှာ အနာဂတ်ပဋိပက္ခအကြောင်း တွေ့ဆုံဆွေးနွေးစဉ် ဒေါ်နယ်ထရမ့်က အခုလို ပြောကြား လိုက်တာဖြစ်ပါတယ်။
အမေရိကန်အစိုးရသစ်တက်လာမယ့်အရေး ယူကရိန်းနိုင်ငံမှာ စိုးရိမ်ပူပန်နေကြစဉ် ပြင်သစ်သမ္မတအီမန်နျူရယ် မက်ခရွန်က ဇီလန်စကီးနဲ့ သုံးပွင့်ဆိုင်ဆွေးနွေးပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့တာဖြစ်ပါတယ်။
ယူကရိန်းကို စစ်ရေးအကူအညီဒေါ်လာ ဘီလျံပေါင်းများစွာထောက်ပံ့နေတာကို ဒေါ်နယ်ထရမ့်က လှောင်ပြောင် သရော်ခဲ့ပြီး ၎င်းသာ သမ္မတဖြစ်လာရင် ၂၄ နာရီအတွင်း ယူကရိန်းစစ်ပွဲကို ရပ်တန့်ပစ်နိုင်ကြောင်း ကြွားလုံး ထုတ်ပြောဆိုခဲ့ဖူးပါတယ်။
“ဇီလန်စကီးနဲ့ ယူကရိန်းနိုင်ငံဟာ ဒီရူးမိုက်တဲ့စစ်ပွဲအဆုံးသတ်ဖို့အတွက် စေ့စပ်ညှိနှိုင်းချင်တဲ့ ဆန္ဒရှိနေပါ တယ်။” လု့ိ ထရမ့်က ၎င်းရဲ့ Truth Social လူမှုကွန်ရက်ပေါ်မှာ ရေးသားခဲ့ပါတယ်။
“အပစ်အခတ် ချက်ချင်းရပ်ဆိုင်းပြီး စေ့စပ်ညှိနှိုင်းရေး စတင်ဆောင်ရွက်သင့်ပါပြီ။ မလိုအပ်ဘဲ အသက်ပေါင်း များစွာ ဆုံးရှုံးနေရသလို မိသားစုပေါင်းများစွာရဲ့ဘဝတွေ ပျက်စီးနေကြရပါတယ်။ စစ်ပွဲ မရပ်တန့်ဘဲ ဆက်ဖြစ် နေမယ်ဆိုရင် အခြေအနေတွေက ဒီ့ထက်ကို ပိုဆိုးလာမှာဖြစ်ပါတယ်။” လု့ိ ၎င်းက ပြောပါတယ်။
အဆိုပါသုံးပွင့်ဆိုင်အစည်းအဝေးကျင်းပပြီး နာရီပိုင်းအတွင်းမှာပဲ မကြာခင်အနားယူရတော့မယ့် အမေရိကန် သမ္မတဂျိုးဘိုင်ဒန်က ယူကရိန်းအတွက် “ဒေါ်လာ ၉၈၈ သန်းတန် စစ်ရေးအကူအညီသစ်” ထပ်မံပေးအပ်သွား မှာဖြစ်ကြောင်း ကြေညာလိုက်ပါတယ်။
အဲဒီစစ်ရေးအကူအညီသစ်ထဲမှာ ဒရုန်းတွေ၊ HIMARS ရော့ကက်လောင်ချာတွေအတွက် ခဲယမ်းတွေ၊ အ မြောက် တွေအတွက် လိုအပ်တဲ့ဆက်စပ်ပစ္စည်းနဲ့ အပိုပစ္စည်းတွေ၊ တင့်ကားတွေ၊ သံချပ်ကာယာဉ်တွေ ပါဝင် ကြောင်း ပင်တဂွန်စစ်ဌာနချုပ်က ပြောပါတယ်။
ယူကရိန်းနိုင်ငံထဲမှာတော့ ငြိမ်းချမ်းရေးရဖို့အတွက် “အများမကြိုက်တဲ့ အလျှော့ပေးမှုတွေ” ကို ဆောင်ရွက်ဖို့ ထရမ့်က တိုက်တွန်းမှာကို စိုးရိမ်နေကြပါတယ်။ ဇီလန်စကီးကလည်း ရုရှားနဲ့ စေ့စပ်ညှိနှိုင်းရေးမှန်သမျှ တရားမျှတပြီး သဘာဝကျဖို့ လိုအပ်ကြောင်း ပြောပါတယ်။
“ကျွန်တော်တို့အားလုံး ငြိမ်းချမ်းရေးလိုချင်ပါတယ်။ ဒါပေမဲ့ ငြိမ်းချမ်းရေးက ကျွန်တော်တို့အတွက်ဖြစ်ဖို့ အလွန် အရေးကြီးပါတယ်။ ရုရှားသမ္မတပူတင်ဖြစ်စေ တခြားကျူးကျော်သူဖြစ်စေ နောက်ပြန်ဆုတ်ဖို့ဆိုတာ လုံးဝမဖြစ် နိုင်ပါဘူး။” လို့ ဇီလန်စကီးက ပြောပါတယ်။
“အရေးအကြီးဆုံးအချက်ကတော့ အာမခံချက်ရှိတဲ့ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးဖြစ်ဖို့ပါပဲ။ ယူကရိန်းအတွက် ခိုင်မာ တဲ့ လုံခြုံရေးအာမခံချက် ရှိဖို့လိုပါတယ်။” လို့ ၎င်းက ပြောပါတယ်။
ဒါပေမဲ့ ဇီလန်စကီးဟာ ထရမ့်ရဲ့ ခိုင်မြဲတဲ့သံန္နိဋ္ဌာန်ကို ရည်ရွယ်ချက်ကောင်းမွန်ပြီး အလုပ်ဖြစ်တဲ့ သံန္နိဋ္ဌာန်အဖြစ် ပြောဆိုရင်း ထရမ့်ကိုလည်း ကျေးဇူးစကား ပြောကြားခဲ့ပါတယ်။
Ref: Trump Says Zelensky Is Ready for ‘Deal’ With Russia
#centalnewsnaypyitaw
