ABC Soup (ABCဟင်းရည်)
...........................................
ဒီဟင်းရည်မှာ ဗီတာမင် A.B. C တွေပါဝင်လို့
အလွယ်တကူအနေနဲ့ ABC ဟင်းရည်လို့ခေါ်ပါတယ်တဲ့။
ဒီဟင်းရည်ချက်ဖို့အတွက် ဝက်ရိုး(သို့)
ကြက်ရိုးတို့ကို သုံးနိုင်ပါတယ်။
ထည့်ရမှာလေးတွေကတော့
ကြက်ရိုး(သို့) ဝက်ရိုး...... ၂၀သား
ပြောင်းဖူး................... ၂ဖူး
မုန်လာဥနီ .. . ... ...........၁တောင့်( သေးရင် ..၂တောင့်)
အာလူး..........................၁လုံး
ကြက်သွန်နီဥကြီး........... ၁လုံး(သေးရင် ၂လုံး)တို့ပါ။
အရင်ဆုံးဝက်ရိုး(သို့) ကြက်ရိုးတို့ကို
ရေစင်အောင်ဆေးပြီး ရေနွေးပူပူနဲ့ဖျောဆေးထားပါ။
ပြီးရင် ချက်မဲ့အိုးခပ်ကြီးကြီးထဲ
ရေတဝက်လောက်ထည့်ပြီး ဆူလာအောင်တည်၊
ဆူလာရင် အရိုး တွေထည့်၊ ပြောင်းဖူး၊ ဥနီ၊ အာလူး၊
ကြက်သွန်နီတို့ကို ပုံပါအတိုင်း လှီးထည့်ပြီး
တနာရီကြာခန့်တည်ထားရုံပါ။
ရေခမ်းလာလျှင် ရေနွေးထပ်ထည့်၊
ချခါနီးမှာမှ ဆားလေးနည်းနည်းဖြူးထည့်ပေးပါ။
အချိုအရသာတွေထွက်လာမှာမို့
ဟင်းခတ်မှုန့်တွေ မထည့်လဲရပါတယ်။
ခုချိန်မှာ ကိုယ်ခံအားကောင်းနေဖို့အတွက်
အရိုးပြုတ်ရည်လေးတွေ မကြာခန
ချက်သောက်ကြမယ်နော်။
