ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ဖွင့်ပွဲအခမ်းအနား MRTV မှ တိုက်ရိုက်ထုတ်လွှင့်မည်
ယနေ့ ကျင်းပမည့် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ဖွင့်ပွဲအခမ်းအနားကို မြန်မာ့ရုပ်မြင်သံကြား (MRTV) မှ တိုက်ရိုက်ထုတ်လွှင့်မည် ဖြစ်ကြောင်း သိရသည်။
ဖွင့်ပွဲအခမ်းအနားကို ဒီဇင်ဘာ ၉ ရက် ညနေ ၅ နာရီတွင် နေပြည်တော်ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ ပြုလုပ်မည် ဖြစ်ပြီး
ဖွင့်ပွဲအခမ်းအနားမစတင်မီ နာမည်ကျော်အနုပညာရှင်များနှင့် တေးသံရှင်များ၏ ဖျော်ဖြေတင်ဆက်မှုများလည်း ပါဝင်မည် ဖြစ်သည်။
ဖွင့်ပွဲအခမ်းအနား ကျင်းပပုံများကို မိဘပြည်သူများ တိုက်ရိုက်ကြည့်ရှုနိုင်ရန်အတွက် ညနေ ၃ နာရီ မိနစ် ၃၀ မှစတင်ပြီး မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၏ ရုပ်သံလိုင်းများဖြစ်သော MRTV – HD၊ MRTV Sports ၊ MRTV Parliament ၊ MRTV Farmers’ ၊ MWD HD Channel ၊ MWD Variety HD Channel နှင့် အကျိုးတူ ရုပ်သံလိုင်းများဖြစ်သော Channel 7၊ 5 plus ၊ Sports 2၊ MNTV ၊ M Channel နှင့် မြန်မာ့အသံရေဒီယိုနှင့် အကျိုးတူ FM များဖြစ်ကြသော ပတ္တမြား၊ ချယ်ရီ၊ မန္တလေး၊ ပဉ္စဝတီ၊ ရွှေ၊ ပုဂံတို့အပြင် မိတ်ဖက် FM များဖြစ်ကြသော Star ၊ သဇင်တို့မှလည်းကောင်း၊ MOI Website ၊ MOI Youtube ၊ MRTV Website ၊ MRTV App အပါအဝင် MRTV Online Platform တို့မှ တိုက်ရိုက် Live ထုတ်လွှင့်ပြသမည်ဖြစ်သည်ဟု သိရသည်။
ထို့အပြင် ပဉ္စမအကြိမ်အမျိုးသားအားကစားပွဲတော် အားကစားပြိုင်ပွဲများတွင် အားကစားဝါသနာရှင်များ အခမဲ့ဝင်ရောက်
ကြည့်ရှုနိုင်ပြီး ပြိုင်ပွဲကွင်း/ရုံအသီးသီး ဝင်ပေါက်ဂိတ်များ၌ လည်းကောင်း နိုင်ငံသားစိစစ်ရေးကတ် (သို့မဟုတ်) ယာဉ်မောင်း လိုင်စင်ဖြင့် ယာယီဝင်ထွက်ကတ်ပြားများကိုလဲလှယ်၍ အခမဲ့ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။
