ရန်ကုန် ဘွဲ့နှင်းသဘင်ခန်းမ အပါအ၀င် အဆောက်အအုံ (၄၀) ခုကို ရှေးဟောင်းအဆောက်အအုံများအဖြစ် သတ်မှတ်
ဒီဇင်ဘာ ၉
ရန်ကုန် ဘွဲ့နှင်းသဘင်ခန်းမ အပါအဝင် အဆောက်အအုံ (၄၀)ခုကို ရှေးဟောင်း အဆောက်အအုံများအဖြစ် သတ်မှတ်လိုက်တယ်လို့ သာသနာရေးနဲ့ ယဉ်ကျေးမှု ဝန်ကြီးဌာနက ပြောပါတယ်။
အဲ့ဒီလို သတ်မှတ်လိုက်တဲ့အထဲမှာ ဗိုလ်ချုပ်အောင်ဆန်း ပြတိုက်လည်း ပါဝင်ပြီး ကမ္ဘောဇရိပ်သာ ချင်းချောင်းနန်းတော်နဲ့ ရေနံချောင်းတက္ကသိုလ် ပင်မဆောင်တို့လည်း ပါဝင်တယ်လို့ သိရပါတယ်။
ယဉ်ကျေးမှုသမိုင်းတန်ဖိုး၊ အနုပညာနဲ့ ဗိသုကာလက်ရာကျန်ရှိမှု စသည့်အချက်တွေနဲ့ ကိုက်ညီတဲ့ တက္ကသိုလ်တွေ၊ အခြေခံပညာအထက်တန်းကျောင်းတွေက အဆောင်များနဲ့ ရုံးတွေကို ရှေးဟောင်းအဆောက်အုံများကာကွယ်ထိန်းသိမ်းရေး ဥပဒေပုဒ်မ ၃၄ ၊ ပုဒ်မခွဲ (ခ)အရ သတ်မှတ်ခဲ့တာလို့ သိရပါတယ်။
ရှေးဟောင်းအဆောက်အအုံတွေ အဖြစ်သတ်မှတ်ရာမှာ ရန်ကုန်တိုင်းမှာ (၁၅) ခု၊ မန္တလေးတိုင်းမှာ (၅) ခု၊ ဧရာဝတီတိုင်းမှာ (၂) ခု၊ ပဲခူးတိုင်းမှာ (၆) ခု၊ မကွေးတိုင်းမှာ (၂) ခု၊ မွန်ပြည်နယ်မှာ (၉) ခု နဲ့ ရှမ်းပြည်နယ်မှာ (၁)ခုတို့ ပါဝင်တယ်လို့ သိရပါတယ်။
#centralnewsnaypyitaw
