❝ဆင်ဖြူဂိတ်မှ တစ်ရက်ကို ကားအစီးရေ (၅၀) နှင့် ဆိုင်ကယ်အစီးရေ (၂၀ဝ) တို့ဖြင့် ကုန်စိမ်းနှင့် စားသောက်ကုန်ပစ္စည်းများ သယ်ယူခွင့်ပြုမည်❞

ဒီဇင်ဘာ ၉

မူဆယ်မြို့ရှိ ဆင်ဖြူဂိတ်မှတစ်ဆင့် ကုန်စိမ်းနှင့် စားသောက်ကုန်ပစ္စည်းများကို တစ်ရက်လျှင် ကားအစီးရေ (၅၀) နှင့် ဆိုင်ကယ်အစီးရေ (၂၀ဝ) တို့ဖြင့် သယ်ယူခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။

ထိုသို့ သယ်ယူခွင့်ပြုရာ၌ တရုတ်နိုင်ငံ နံပါတ်တပ် ဆိုင်ကယ်များနှင့် လိုင်စင်မရှိသည့် ‌မော်တော်ဆိုင်ကယ်များကို သယ်ဆောင်ခြင်း ခွင့်ပြုမည် မဟုတ်ဘဲ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ မှတ်ပုံတင်ထားသည့် မော်တော်ယာဉ်နှင့် ဆိုင်ကယ်များဖြင့်သာ ယာယီ သယ်ဆောင်ရမည်ဖြစ်သည်။

လက်ရှိတွင် မူဆယ်မြို့ရှိ တရုတ်- မြန်မာ နယ်စပ်ဂိတ်များ ဖြစ်သော နန်းတော်ဂိတ်၊ ဆင်ဖြူဂိတ်၊ မန့်ဝိန်းဂိတ်၊ ကျင်စန်းကျော့ ဂိတ်နှင့် ပန်ဆိုင်းဂိတ်တို့အနက်မှ ဆင်ဖြူဂိတ် တစ်ခုတည်းကိုသာ ဒီဇင်ဘာ (၁) ရက်နေ့မှစတင်ကာ ကုန်ပစ္စည်းသယ်ယူခွင့်ပေးထားခြင်းဖြစ်သည်။

ထိုသို့ ကုန်ပစ္စည်း သယ်ယူခွင့်ပြုရာတွင်လည်း စားသောက်ကုန်များ၊ မီးဖိုချောင်သုံး အသီးအနှံများနှင့် အသားငါးများကိုသာ ခွင့်ပြုထားခြင်းဖြစ်သည်ဟု သိရသည်။

#သတင်းဟင်းလေးအိုးကြီး

image