အမရပူရမြို့တွင် ရာအိမ်မှူးတစ်ဦး ကလေးကျောင်းကြိုနေစဉ် သေနတ်ပစ်ခံရ၍ သေဆုံး

နေပြည်တော်၊ ဒီဇင်ဘာ ၉

မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ သာယာအေးရွာရှိ စာသင်ကျောင်းတွင် ကျောင်းတတ်ရောက်နေ သော ကလေးကိုကျောင်းကြိုနေသည့် ရာအိမ်မှူးတစ်ဦး သေနတ်ပစ်ခံရ၍ သေဆုံးသွားကြောင်း သိရသည်။

ယင်းဖြစ်စဉ်မှာ ဒီဇင်ဘာလ ၆ ရက် ညနေ ၅ နာရီအချိန်ခန့်တွင် ရာအိမ်မှူးဦးဇော်သူရထွန်းမှာ ကလေး ကျောင်းကြိုနေစဉ် မော်တော်ဆိုင်ကယ်တစ်စီးဖြင့် PDF နှစ်ဦးရောက်ရှိလာပြီး ထိုရာအိမ်မှူးကို သေနတ်ဖြင့် ပစ်ခတ်သွားကြောင်း သိရသည်။

ထိုသေနတ်ပစ်ခတ်ခံရသူမှာ အမရပူရမြို့နယ်၊ မြစ်ငယ်ရပ်ကွက်ရှိ ရာအိမ်မှူး ဦးဇော်သူရထွန်းဖြစ်ပြီး ၎င်းမှာ ဘယ်ဘက်ရင်အုံ၌ ကျည်ဖောက်ထွက်ဒဏ်ရာရရှိပြီး အခင်းနေရာတွင် သေဆုံးသွားကြောင်း သိရသည်။

Photo - Credit

#centralnewsnaypyitaw

image