နိုင်ငံကနေ ထွက်ပြေးသွားတဲ့ ဆီးရီးယားသမ္မတ အာဆတ်နဲ့မိသားစု ရုရှားမှာ ခိုလှုံ
ဒီဇင်ဘာ ၉
နိုင်ငံမှ ထွက်ပြေးသွားတဲ့ ဆီးရီးယားသမ္မတ အာဆတ်နဲ့မိသားစုဟာ ရုရှားကို ရောက်ရှိနေပြီး ခိုလှုံခွင့်ရရှိထားကြောင်း ရုရှားသမ္မတရုံး သတင်းရင်းမြစ်တွေကို ကိုးကားပြီး သတင်းဌာနတွေက ဖော်ပြထားပါတယ်။
သူပုန်တပ်တွေက မြို့တော်ဒမတ်စကတ်ကို ဝင်ရောက်စီးနှင်းပြီးနောက် ထွက်ပြေးသွားတဲ့ သမ္မတအာဆတ်ရဲ့ တည်နေရာနဲ့ပတ်သက်ပြီး ထင်ကြေးပေးမှုတွေကို အဆုံးသတ်စေတဲ့ ဒီသတင်းကို ရုရှားနိုင်ငံပိုင် ရုပ်မြင်သံကြားဌာနကလည်း ဖော်ပြထားပါတယ်။
သမ္မတအာဆတ်ဟာ သမ္မတရာထူးကနေ နုတ်ထွက်ဖို့ဆုံးဖြတ်ထားပြီး နိုင်ငံမှ ထွက်ခွာကာ ငြိမ်းချမ်းစွာ အာဏာလွှဲပြောင်းရန် ညွှန်ကြားခဲ့တယ်လို့ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက အစောပိုင်းမှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။
သမ္မတအာဆတ်ရဲ့အနီးကပ်မဟာမိတ် ရုရှားဟာ ဆီးရီးယားမှာ အရေးပါတဲ့ စစ်အခြေစိုက်စခန်းနှစ်ခုရှိနေပြီး ၁၃ နှစ်ကြာ ဆီးရီးယားပြည်တွင်းစစ်မှာ သမ္မအာဆတ် အာဏာဆုတ်ကိုင်နိုင်ရေးအတွက် စစ်ရေးအရ ကူညီမှုတွေ ပြုလုပ်ခဲ့ပါတယ်။
ဒါပေမယ့် သူပုန်တွေရဲ့ လျှပ်တပြတ်ထိုးစစ်ကြောင့် ဆီးရီးယားအစိုးရ ပြုတ်ကျမှုကိုတော့ မတားဆီးနိုင်ခဲ့ပါဘူး။ ရုရှားတာဝန်ရှိသူတွေအနေနဲ့ ဆီးရီးယားအတိုက်အခံတွေရဲ့ ကိုယ်စားလှယ်တွေနဲ့ အဆက်အသွယ်ရှိပြီး ရုရှားစစ်အခြေစိုက်စခန်းတွေနဲ့ သံတမန်ရေးရာ မစ်ရှင်တွေရဲ့ လုံခြုံရေးကို အာမခံပေးတယ်လို့ ဆိုပါတယ်။
သမ္မတအာဆတ်ကို ထောက်ခံတဲ့ ကိုးနှစ်တာ လေကြောင်းတိုက်ခိုက်မှုတွေအတွင်း အကြမ်းဖက်သမားတွေကိုသာ ပစ်မှတ်ထားခဲ့တယ်လို့ ရုရှားကပြောပေမယ့် အရပ်သားနဲ့ အရပ်ဘက် အခြေခံအဆောက်အအုံတွေ ပျက်စီးခဲ့ပြီး ရုရှားရဲ့ စစ်ဆင်ရေးတွေအတွင်း အရပ်သား ၈၇၀၀ အပါအဝင် လူနှစ်သောင်းကျော် သေဆုံးခဲ့တယ်လို့ ဆီးရီးယားဆိုင်ရာ လူ့အခွင့်အရေးအဖွဲ့က ပြောပါတယ်။
Ref:BBC
Photo:Getty Images
Credit - VOM News Agency
#သတင်းဟင်းလေးအိုးကြီး
