လူတစ်ယောက်ကို ရွေးချယ်တော့မယ်ဆိုရင်
အဲဒီလူဘယ်လောက်ထိ
ကိုယ့်ကို ချစ်နေတယ် အသည်းအသန်ဖြစ်နေတယ် အလိုလိုက်နေတယ်ကိုယ့်ကို ဘယ်လိုလက်ဆောင်တွေပေးနေတယ် ဘယ်လိုတွေပိုးပန်းနေလဲဆိုတာနဲ့ မဆုံးဖြတ်ပါနဲ့…
“အဓိက လေ့လာရမှာ လူတစ်ယောက်ရဲ့
ပင်ကိုယ် စရိုက် အကျင့်နဲ့ ဗီဇပါ”
စချစ်ခါစမှာတော့ လူတိုင်းအသည်းသန်ချစ်ကြတာပါပဲ အချိန်တစ်ခုကြာလာတဲ့ အချိန်မှာတော့
ပေါင်းဖက်ရမှာ သူ့ရဲ့ ဗီဇနဲ့အကျင့်ပါ…
သနားတတ်တဲ့ စိတ်မျိုးရှိတဲ့သူက သနားတတ်မှာပဲ..ဒေါသထွက်လွယ်တတ်တဲ့သူကဒေါကထွက်တတ်မှာပဲ…
သူဘယ်လောက်ထိ romantic ဆန်တယ်
ကိုယ်လိုချင်တာတွေဖြည့်ဆည်းပေးနေတယ်ဆိုတဲ့အစား သူဟာ ဘယ်လိုလူစားမျိုးလဲ သိအောင်အကဲခတ်ပါ..
တကယ့်လက်တွေ့ပေါင်းဖက်ရပြီဆိုရင်
ကိုယ်တကယ်ဆက်ဆံရမှာ သူ့ရဲပင်ကိုယ်အကျင့်နဲ့ဗီဇပါ❗️
အပျော်ပါးမက်တဲ့သူက မက်မှာပဲ..
အသုံးဖြုန်းကြီးတဲ့သူက မသုံးရမနေနိုင်ဘူး..
ဒီလိုပဲ စည်းကမ်းရှိတဲ့သူက အမြဲစည်းကမ်းတကျနေတတ်တာပဲ…
ကိုယ်ချင်းစာစိတ်ရှိတဲ့သူက
ဘယ်သူ့ကိုမဆို ကိုယ်ချင်းစာတတ်မှာပဲ…
“ခဏတာသာယာမှုနဲ့ မဆုံးဖြတ်ပါနဲ့.. ဗီဇကိုမြင်အောင်ကြည့်ပါ”..💖
