ဆီးရီးယားသမ္မတဟောင်း အာဆတ် ရုရှားသို့ရောက်ရှိ
ရုရှားနိုင်ငံသည် ဆီးရီးယားသမ္မတဟောင်း ဘာရှာအယ်လ်အာဆတ် နှင့် ၎င်း၏ မိသားစုဝင်များကို ခိုလှုခွင့်ပေးလိုက်ပြီ ဖြစ်ကြောင်း ကရင်မ်လင်ရှိ သတင်းရင်းမြစ်တစ်ခုက ပြောကြားခဲ့သည်။
ကရင်မ်လင်ရှိ သတင်းရင်းမြစ်အရ အာဆတ်နှင့် ၎င်း၏မိသားစုသည် မော်စကိုသို ရောက်ရှိနေပြီဖြစ်ပြီး၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ထည့်သွင်းစဉ်းစားမှုများအရ ရုရှားသည် ၎င်းတိုအတွက် ခိုလှုခွင့်ပေးထားခြင်းဖြစ်ကြောင်း သိရသည်။
"ရုရှားက ဆီးရီးယားအကျပ်အတည်းကို နိုင်ငံရေးအရ ပြေလည်အောင်ဖြေရှင်းဖို အမြဲတမ်းပြောနေခဲ့တယ်။ ကုလသမဂ္ဂက ပြေလည်အောင်ညှိုနှိင်းတဲ့ ဆွေးနွေးပွဲတွေ ပြန်စဖို ကျွန်တော်တို တောင်းဆိုပါတယ်" ဟု အဆိုပါ သတင်းရင်းမြစ်က ဆိုသည်။
"ရုရှားအရာရှိများသည် ဆီးရီးယားပိုင်နက်အတွင်းရှိ ရုရှားစစ်အခြေစိုက်စခန်းများနှင့် သံတမန်ရေးရာတာဝန်များကို အာမခံထားသော လက်နက်ကိုင် ဆီးရီးယားအတိုက်အခံ ကိုယ်စားလှယ်များနှင့်လည်း အဆက်အသွယ်ရှိပါသည်" ဟုလည်း ယင်းသတင်းရင်းမြစ်က ပြောကြားခဲ့သည်။
ဆီးရီးယားသမ္မတဟောင်း ဘရှာအယ်လ်အာဆတ်သည် နိုင်ငံ၏မြိုတော် ဒမတ်စကတ်မြိုမှ လေယာဉ်ဖြင့် ယမန်နေ့ နံနက်ပိုင်းက တိမ်းရှောင်ထွက်ခွာခဲ့ခြင်းဖြစ်သည်။
ရက်အနည်းငယ်အတွင်း နယ်မြေသိမ်းပိုက်ခံရမှုများ အံ့မခန်း တိုးမြင့်လာခဲ့ကာ စစ်သွေးကြွတပ်ဖွဲများ မြိုတော်အတွင်းသို ဝင်ရောက်လာကြပြီးနောက် ဘာရှာအယ်လ်အာဆတ်သည် ဒမတ်စကတ်မြိုမှ တိမ်းရှောင်သွားခဲ့ခြင်းဖြစ်သည်။
