(၁၁)လတာကာလအတွင်း ရန်/မန်း အမြန်လမ်းမှာ ယာဉ်မတော်တဆမှု ၁၉၀ နီးပါး ဖြစ်ပွားခဲ့ပြီး (၈၇) ဦး သေဆုံး
ဒီဇင်ဘာ ၉
၂၀၂၄ ခုနှစ် ဇန်နဝါရီလကနေ နိုဝင်ဘာလအထိ (၁၁)လတာ ကာလအတွင်း ရန်ကုန် - မန္တလေး အမြန်လမ်းမကြီးမှာ ယာဉ်မတော် တဆမှု ၁၈၉ မှု ဖြစ်ပွားခဲ့ပြီး (၈၇)ဦး သေဆုံးခဲ့တယ် အမြန် လမ်းမကြီးရဲတပ်ဖွဲ့မှူးရုံးက ပြောပါတယ်။
သေဆုံးမှုတွေထဲမှာ အမျိုးသား (၆၀)ဦးနဲ့ အမျိုးသမီး (၂၇)ဦးတို့လို့ သိရပြီး အဲ့ဒီယာဉ်မတော်တဆမှု တွေထဲ မှာ အမျိုးသား (၂၀၀) ဦးကျော်နဲ့ အမျိုးသမီး (၁၃၀) ဦးကျော်လည်း ထိခိုက်ဒဏ်ရာရရှိမှု တွေ ဖြစ်ပေါ်ခဲ့ တယ်လို့ သိရပါတယ်။
ယာဉ်မတော်တဆမှုတွေဟာ ဇန်နဝါရီလမှာ (၁၈)မှု၊ ဖေဖော်ဝါရီလမှာ (၁၂)မှု၊ မတ်လမှာ (၁၄)မှု၊ ဧပြီလမှာ (၁၅)မှုနဲ့ မေလမှာ (၂၁)မှုတို့ ဖြစ်ပွားခဲ့တာလို့ အမြန်လမ်းမကြီးရဲတပ်မှူးရုံးကနေ သိရပါတယ်။
ဒါအပြင် ဇွန်လမှာ (၁၉)မှု၊ ဇူလိုင်လမှ (၁၆)မှု၊ သြဂုတ်လမှာ (၁၃) မှု၊ စက်တင်ဘာလမှာ (၂၃)မှု၊ အောက်တိုဘာလမှာ (၂၃)မှုနဲ့ နိုဝင်ဘာလမှာ (၁၅)မှုတို့ ဖြစ်ပွားခဲ့တာလို့ သိရပါတယ်။
#centralnewsnaypyitaw
