တနေ့က တေးရေး ညောင်တုန်း ဌေးဝင်း မွေးနေ့မှာ တေးသံရှင် အေးမြတ်မွန်က ပိုက်ဆံပန်းစည်းနဲ့ မွေးနေ့ကိတ်ကို surprise လက်ဆောင် ပေးခဲ့ပါတယ်။
တေးသံရှင်အေးမြတ်မွန်ကတော့ ဆရာ ရေးပေးတဲ့ ချိုမှိုင်မှိုင်သီချင်းလေးနဲ့ ပရိတ်သတ်အားပေးမှု အပြည့်အဝရခဲ့သူလဲ ဖြစ်ပါတယ်။
ဆရာ့ကို ပျော်ရွှင်သွားအောင် ဆရာ့ရဲ့ မွေးနေ့မှာ ၁၅ သိ-န်းပါ ပိုက်ဆံ ပန်းစည်းနဲ့ ဆရာ့ပုံလေးတွေပါတဲ့ မွေးနေ့ကိတ်ကို surprise လက်ဆောင်ပေးခဲ့ပါတယ်တဲ့။
‘ဆရာ ရေးပေးခဲ့တဲ့ ချိုမိုင်မိုင် သီချင်းလေးကြောင့် ဘဝမှတ်တိုင်တစ်ခု စိုက်ထူနိုင်ခဲ့တယ်။" လို့လဲ တေးသံရှင် အေးမြတ်မွန်က ပြောထားပါတယ်။
ဆရာဂုဏ်ကျေးဇူး သိတတ်သူလေး ဒီထက်မက အောင်မြင်ကျော်ကြားပါစေနော် 💐
#crd_photo
