26 w - Translate

(၇)နှစ်အရွယ်သားကိုဘောလုံးခေါင်းတိုက်မကစားဖို့ တားမြစ်ထားလိုက်တဲ့ ယူနိုက်က်နောက်ခံလူ ဗာရန်းရဲ့ အင်တာဗျူး

''ကျွန်တော့်ရဲ့(၇)နှစ်အရွယ်သားဖြစ်သူက ဘောလုံးကစားပါတယ်။ကျွန်တော်သူ့ကို ဘောလုံးကို ခေါင်းနဲ့တိုက်ပြီး မကစားဖို့ အကြံပေးတားမြစ်ထားပါတယ်။ဘောလုံးကို ခေါင်းနဲ့တိုက်လို့ ချက်ချင်းလက်ငင်းကြီးဒဏ်ရာပြင်းပြင်းထန်ထန်မရနိုင်ဘူးဆိုရင်တောင် ရေရှည်မှာ ဒါက အန္တရာယ်ဖြစ်လာနိုင်ပါတယ်။ကြိမ်ဖန်များစွာ ဒါကို ပြုလုပ်ရင် ထိခိုက်မှုအကျိုးဆက်ကို ခံစားရပါလိမ့်မယ်။ကျွန်တော့်အနေနဲ့ အသက်(၁၀၀)နှစ်အထိတောင်နေရပါ့မလားဆိုတာ မသေချာပါဘူး။ဒါပေမယ့် သေချာတာကတော့ ကျွန်တော့်ရဲ့ခန္ဓာကိုယ်မှာ ထိခိုက်ပျက်စီးထားတာတွေ ရှိနေပါတယ်။ဒါကြောင့် အပျော်တမ်းဘောလုံးလောကနဲ့ လူငယ်တွေကို ခေါင်းတိုက်ခြင်းရဲ့ဆိုးကျိုးတွေကို ပညာပေးသင်ကြားထားသင့်ပါတယ် ''

■ ပြင်သစ်လက်ရွေးစင်အသင်းနောက်ခံလူဗာရန်းက အကြိမ်ကြိမ်အခါခါခေါင်းတိုက်ခြင်းများကြောင့် သူ၏ ခန္ဓာကိုယ်မှာ ထိခိုက်ပျက်စီးနေပြီဟု ပြောကြားခဲ့ပြီး တစ်ချိန်က ကမ္ဘာ့ဖလားပွဲစဉ်တစ်ပွဲတွင် အသိစိတ် ခဏလွတ်ပြီး (လေယာဉ်ကို Autopilot စနစ်ဖြင့် သူ့အလိုလိုမောင်းနေသလို) ကစားခဲ့ဖူးသည်ဟု ဖွင့်ဟ ဝန်ခံခဲ့သည်။