20 w - Translate

နိုင်ငံတကာသတင်းတိုများ

၁။​နော်​ဝေမှတဆင့်ဗြိတိန်သိုသွယ်တန်းထား​သောဓါတ်​ငွေ့ပိုက်လိုင်းကိုရုရှားကဖျက်ဆီးပြီးဗြိတိန်ကို​ဆောင်းရာသီဒုက္ခ​ရောက်​အောင်ပြုလုပ်မည်စိုးသဖြင့်​ပိုက်လိုင်းသေချာစွာ​စောင့်ကြည့်​နေကြရသည်။

၂။တူရကီနိုင်ငံခြား​ရေးဝန်ကြီးကဆီးရီးယားသမ္မတအာဆတ်သည်နိုင်ငံအတွင်းမရှိ​တော့​ကြောင်း​ပြောလိုက်သည်။

၃။ယမန်​နေ့ညကရုရှားနိုင်ငံ​ဒေသ၅ခုတွင်ယူကရိန်းဒရုန်း၄၅စီးကိုပစ်ချခဲ့​ကြောင်းရုရှားကာကွယ်​ရေးဝန်ကြီးဌာနက​ကြေညာသည်။

၄။ပြင်သစ်သမ္မတမက်ခရွန်ကနှုတ်ထွက်မည်မဟုတ်​ကြောင်း၊သက်တမ်းပြည့်သည့်၂၀၂၇အထိသမ္မတဆက်လုပ်မည်ဖြစ်​ကြောင်း​ကြေညာသည်။

၅။ရာထူးမှနှုတ်ထွက်လိုက်သည့်​တောင်ကိုးရီးယားကာကွယ်​ရေးဝန်ကြီးကိုသမ္မတကစစ်အုပ်ချုပ်​ရေး​ကြေညာစဥ်ပါဝင်သည့်အခန်းကဏ္ဏနှင့်ပတ်သက်ပြီးစစ်​ဆေးရန်ဖမ်းဆီးလိုက်သည်။

NOM