နိုင်ငံတကာသတင်းတိုများ
၁။နော်ဝေမှတဆင့်ဗြိတိန်သိုသွယ်တန်းထားသောဓါတ်ငွေ့ပိုက်လိုင်းကိုရုရှားကဖျက်ဆီးပြီးဗြိတိန်ကိုဆောင်းရာသီဒုက္ခရောက်အောင်ပြုလုပ်မည်စိုးသဖြင့်ပိုက်လိုင်းသေချာစွာစောင့်ကြည့်နေကြရသည်။
၂။တူရကီနိုင်ငံခြားရေးဝန်ကြီးကဆီးရီးယားသမ္မတအာဆတ်သည်နိုင်ငံအတွင်းမရှိတော့ကြောင်းပြောလိုက်သည်။
၃။ယမန်နေ့ညကရုရှားနိုင်ငံဒေသ၅ခုတွင်ယူကရိန်းဒရုန်း၄၅စီးကိုပစ်ချခဲ့ကြောင်းရုရှားကာကွယ်ရေးဝန်ကြီးဌာနကကြေညာသည်။
၄။ပြင်သစ်သမ္မတမက်ခရွန်ကနှုတ်ထွက်မည်မဟုတ်ကြောင်း၊သက်တမ်းပြည့်သည့်၂၀၂၇အထိသမ္မတဆက်လုပ်မည်ဖြစ်ကြောင်းကြေညာသည်။
၅။ရာထူးမှနှုတ်ထွက်လိုက်သည့်တောင်ကိုးရီးယားကာကွယ်ရေးဝန်ကြီးကိုသမ္မတကစစ်အုပ်ချုပ်ရေးကြေညာစဥ်ပါဝင်သည့်အခန်းကဏ္ဏနှင့်ပတ်သက်ပြီးစစ်ဆေးရန်ဖမ်းဆီးလိုက်သည်။
NOM