20 w - Translate

လျှို့ဝှက်ဆန်းကြယ်သော လေယာဉ်ပျ-က်ကျမှုအတွင်း ဆီးရီးယားသမ္မတ ‌ေ-သဆုံးဖွယ်ရှိကြောင်းသတင်းများထွက်ပေါ်

ဆီးရီးယားသမ္မတ ဘာရှာအယ်အာဆတ် လိုက်ပါသွားသည့်လေယာဉ်သည် ပျ-က်ကျခဲ့ပြီး အာဆတ်လည်း ‌ေ-သဆုံးခဲ့သည်ဟု သတင်းများထွက်ပေါ်နေသော်လည်း အတည်ပြု၍မရနိုင်ကြသေးချေ။

Flightradar ဝက်ဘ်ဆိုဒ်မှ အချက်အလက်များအရ စစ်သွေးကြွများ ဒမတ်စတ် မြို့တော်ကို သိမ်းပိုက်ချိန်ဝန်းကျင်တွင် ဆီးရီးယားလေတပ် လေယာဉ်တစ်စင်းသည် ဒမတ်စကတ်လေဆိပ်မှ ထွက်ခွာလာခဲ့ကြောင်း သိရခဲ့သည်။

လေယာဉ်သည် အစောပိုင်းတွင် အာဆတ်၏ အမာခံနယ်မြေဖြစ်သော ဆီးရီးယားကမ်းရိုးတန်းဒေသသို့ ဦးတည်သွားခဲ့သော်လည်း နောက်ပိုင်းတွင် ရုတ်တရက် လှည့်ကာ ရေဒါမှ ပျောက်ကွယ်မသွားမီ မိနစ်အနည်းငယ်ကြာ ဆန့်ကျင်ဘက်အရပ်သို့ ပျံသန်းသွားခဲ့သည်။

ရိုက်တာသတင်းဌာနကမူ လေယာဉ်ပေါ်လိုက်ပါလာသူ မည်သူမည်ဝါဖြစ်သည်ကို ချက်ချင်းမဆုံးဖြတ်နိုင်သော်လည်း ဆီးရီးယားရှိ သတင်းရင်းမြစ်နှစ်ခုကမူလေယာဉ်ပျ-က်ကျမှုတွင် အာဆတ်‌ေ-သဆုံးနိုင်ခြေ အလွန်မြင့်မားသည်ဟုဆိုကြကြောင်း ရေးသားထားသည်။

အာဆတ်၏လေယာဉ်ကို နောက်ဆုံးတွေ့ရှိခဲ့သည့်နေရာအနီးတွင် ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ကြောင်းလည်း သတင်းများက ရေးသားဖော်ပြနေကြသည်။

ဆီးရီးယားသမ္မတ ဘရှာအယ်လ်အာဆတ်သည် နိုင်ငံ၏မြို့‌တော် ဒမတ်စကတ်မြို့မှ လေယာဉ်ဖြင့်တိမ်းရှောင်ထွက်ခွာသွားပြီဖြစ်ပြီး မည်သည့်နိုင်ငံသို့သွား‌‌ခြင်းဖြစ်‌ကြောင်းမသိရကြောင်း ယနေ့နံနက်ပိုင်းသတင်းများကဆိုကြသည်။

ရက်အနည်းငယ်အတွင်း နယ်မြေသိမ်းပိုက်ခံရမှုများ အံ့မခန်း တိုးမြင့်လာခဲ့ကာ စစ်သွေးကြွတပ်ဖွဲ့များ မြို့တော်အတွင်းသို့ ဝင်ရောက်လာကြပြီးနောက် ဘာရှာအယ်လ်အာဆတ်သည် ဒမတ်စကတ်မြို့မှ တိမ်းရှောင်သွားခဲ့ခြင်းဖြစ်သည်။

စစ်သွေးကြွများ ဒမတ်စတ်သို့ ဝင်ရောက်လာကြပြီဖြစ်ကြောင်း Al Jazeera သတင်းဌာန၏ Al Hadath TV က ကနဦးသတင်းတင်ဆက်ခဲ့ပြီး‌နောက် ဆီးရီးယားမြို့တော်သည် စစ်သွေးကြွအုပ်စုများ၏ ထိန်းချုပ်မှုအောက်တွင် ကျရောက်သွားပြီဖြစ်ကြောင်း ထပ်မံကြေညာခဲ့သည်။

image