20 ပတ် - ဘာသာပြန်ပါ။

အဆိုးဆုံးအတွက် ပြင်ဆင်ထားဟု မန်စီးတီးနည်းပြဂွါဒီယိုလာ ပြော

အဆိုးဆုံးတွေအတွက် ပြင်ဆင်ထားကြောင်း မန်စီးတီးနည်းပြ ပတ်ဂွါဒီယိုလာက ဝန်ခံပြောသွားပါတယ်။

မနေ့ညက ကစားခဲ့တဲ့ ခရစ္စတယ်ပဲလေ့နဲ့ ပွဲစဉ်မှာ ၂ ဂိုးစီသရေကျခဲ့ပြီးနောက် အခုနှစ် ဘောလုံးရာသီမှာ မန်စီးတီးအသင်းအနေနဲ့ ပြန်လည်ရှင်သန်လာနိုင်ဖို့ ရုန်းကန်သွားရတော့မှာ ဖြစ်ပြီး အဆိုးဆုံးတွေအတွက်ပါ ပြင်ဆင်ထားကြောင်း နည်းပြဂွါဒီယိုလာက ပြောပါတယ်။

ရာသီစတင်ချိန် ကတည်းက လေ့ကျင့်ပြင်ဆင်ချိန် နည်းခဲ့တာကြောင့်ခက်ခဲခဲ့ပြီး တရာသီလုံး ခက်ခဲမှုတွေနဲ့ ရင်ဆိုင်ရနိုင်ကြောင်း၊ ဒဏ်ရာရ ကစားသမားတွေ ရှိနေတာကလည်း ကံမကောင်းကြောင်း နည်းပြဂွါဒီယိုလာက ပြောပါတယ်။

မန်စီးတီးအသင်းဟာ ပဲလေ့နဲ့ သရေရလဒ်ကြောင့် လီဗာပူးထက် တပွဲပိုကစားထားပေမဲ့ ၈ မှတ်အထိ ကွာဟသွားပြီ ဖြစ်ပါတယ်။
DVB

image