Love letter မင်းသမီး မီဟို ကို တိုကျိုနေအိမ်၌ေ-သဆုံးလျက်တွေ့ရှိ
တိုကျို၊ဒီဇင်ဘာ ၇
Love letter ရုပ်ရှင်မှမင်းသမီး မီဟိုကို ၎င်း၏တိုကျိုရှိနေအိမ်ရေချိုးကန်ထဲ၌ ေ-သဆုံးလျက်တွေ့ရှိခဲ့ရကြောင်းသိရသည်။
၎င်းသည် လုပ်ငန်းခွင်သို့ အချိန်မီရောက်လာခြင်းမရှိသဖြင့် လုပ်ဖော်ကိုင်ဖက်များက နေအိမ်သို့လိုက်သွားချိန်၌ မင်းသမီးကို ေ-သဆုံးလျက်တွေ့ရှိခဲ့ရခြင်းဖြစ်ကြောင်းပြောကြားခဲ့သည်။
Love letter ဇာတ်ကားဖြင့် ၎င်းအား မိပိုရင် ဟုပရိသတ်များကလူသိများသည့် မီဟိုသည် ၁၉၉၅ ခုနှစ်ကရိုက်ကူးခဲ့သည့် အဆိုပါဇာတ်ကား၌ ၎င်း၏သရုပ်ဆောင်ကောင်းမှုများကြောင့် နာမည်ကြီးခဲ့ပြီး အကောင်းဆုံးမင်းသမီးဆုများစွာကိုရရှိခဲ့သည့် ဇာတ်ကားတစ်ကားလည်းဖြစ်သည်။
၎င်းသည်အလှဆုံးအမျိုးသမီးအဖြစ်နာမည်ကြီးခဲ့သကဲ့သို့ ရုပ်ရှင်နှင့်ဇာတ်လမ်းတွဲများတွင်လည်းပါဝင်သရုပ်ဆောင်ခဲ့ပြီး J Pop အဆိုတော်တစ်ဦးလည်းဖြစ်သည်။
မီဟိုသည် ကွယ်လွန်ချိန်၌ အသက် ၅၄ နှစ်အရွယ်ရှိပြီဖြစ်ကာ ၎င်း၏ေ-သဆုံးမှုနှင့်ပတ်သက်၍ တာဝန်ရှိသူများက ဆက်လက်စုံစမ်းနေဆဲဖြစ်ကြောင်းသိရသည်။
