ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်တွင် အမျိုးသမီး လက်ဝှေ့ပြိုင်ပွဲ ကီလိုတန်းအလိုက် (၃)တန်းဝင်ရောက် ယှဉ်ပြိုင်
ယနေ့ ဒီဇင်ဘာ (၇)ရက်တွင် နေပြည်တော်တွင် ကျင်းပပြုလုပ်နေသည့် ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်အတွင်း အမျိုးသမီး ကီလိုတန်း(၃)တန်း ဝင်ရောက် ယှဉ်ပြိုင်လျက်ရှိကြောင်း မြန်မာနိုင်ငံလက်ဝှေ့အဖွဲ့ချုပ်၊ ပြိုင်ပွဲကျင်းပရေးကော်မတီထံက သိရသည်။
အဆိုပါ လက်ဝှေ့ပြိုင်ပွဲကို ယနေ့ မွန်းလွဲ(၁)နာရီအချိန်တွင် စတင်ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ပြည်နယ်နှင့်တိုင်းအလိုက် ကိုယ်စားပြု လက်ဝှေ့သမားများ ယှဉ်ပြိုင်ထိုးသ-တ်သွားမည်ဖြစ်ကြောင်း သိရသည်။
ယနေ့ ယှဉ်ပြိုင်ထိုးသ-တ်မည့် တွဲဆိုင်းများအနက် အမျိုးသမီး(၅၂)ကီလိုတန်း၌ နန်းငယ်ငယ်ထူး(စစ်ကိုင်း)နှင့် သင်းသင်းခိုင်(မကွေး)၊ ကြည်လဲ့လဲ့ဦး(မွန်)နှင့် ပပဝင်း(ကရင်)တို့ ယှဉ်ပြိုင်ထိုးသ-တ်သွားကြမည်ဖြစ်သည်။
အလားတူ အမျိုးသမီး (၅၄)ကီလိုတန်းတွင် နော်သီရိစန္ဒာ (ဧရာဝတီ)နှင့် နန်းသန္တာသိမ့်(ကရင်)တို့ ယှဉ်ပြိုင်ထိုးသ-တ်သွားကြမည်ဖြစ်သည်။
ထို့အတူ အမျိုးသမီး (၅၇)ကီလိုတန်းတွင် နန်းအေးသန္တာအောင်(ကရင်)နှင့် ချမ်းပြည့်စိုး(ဧရာဝတီ)၊ ငြိမ်းအေးသူ (မွန်)နှင့် သွယ်ဇင်ယွန်း(ပဲခူး)၊ အိအိထွေး (မန္တလေး)နှင့် ကိတ်ရှန်းဒိတ်ဆန်(ချင်း)၊ မာလာစိုး (တနင်္သာရီ)နှင့် နန်းစုနွယ် (စစ်ကိုင်း)တို့ ယှဉ်ပြိုင်ထိုးသ-တ်သွားကြမည်ဖြစ်သည်။
ယနေ့ပွဲစဉ်အတွင်း အမျိုးသား ကီလိုတန်း (၂)တန်းဖြစ်သ ည့် (၅၇)ကီလိုတန်းနှင့် (၇၁)ကီလိုတန်းတို့လည်းပါဝင်ကာ တိုင်းနှင့် ပြည်နယ်ကိုယ်စားပြု တွဲဆိုင်း (၁၀)ဆိုင်း ယှဉ်ပြိုင်ထိုးသ-တ်သွားကြမည်ဖြစ်ကြောင်း သိရသည်။
ယမန်နေ့ ဒီဇင်ဘာ (၆)ရက်တွင်လည်း ပြည်နယ်နှင့်တိုင်း ကိုယ်စားပြု အမျိုးသား/အမျိုးသမီးကီလိုတန်းအလိုက် တွဲဆိုင်း(၁၉)ဆိုင်း ယှဉ်ပြိုင်ခဲ့ကြသေးသည်။
