အကုန်ကျသက်သာပီး စားလို့ကောင်းတဲ့ခုရာသီစာ ခဝဲသီးကြာဇံချက်နဲ့ ငံပြာရည်အစပ်ချက်နည်းလေးပြောပြမယ်နော်
ခဝဲသီးကြာဇံချက် -
ခဝဲသီးကိုအခွံခွာပီးအနေတော်တုံးထားပါ
ပဲကြာဇံရေစိမ်ထားပါ
ကြက်သွန်ဖြူကိုထောင်းပီးနနွင်းမှုန့်နည်းလေးနဲ့
ဆီသပ်ပီးကြက်သွန်ဖြူမွှေးလာပီဆို လှီးထားတဲ့
ခဝဲသီးကြာဇံထည့်ပါ
အရောင်တင်မှုန့်ထမင်းစားဇွန်းတစ်ဇွန်းထည့်ပါ
ရေထည့်ပီးကြာဇံနဲ့ခဝဲသီးအီလာပီဆိုရပါပီနော်
ငံပြာရည်အစပ်ချက်-
ဆီထမင်းစားဇွန်း ငါးဇွန်းထည့်ပါ
ကြက်သွန်နီကို နီလာတဲ့အထိဆီသပ် ပီးရင်
ပုဇွန်ခြောက်နဲ့ကြက်သွန်ဖြူရောပီး ထောင်းထားတာ
ထည့်ပါ အရောင်တင်မှုန့်ထမင်းစားဇွန်း နှစ်ဇွန်းထည့်ပါ
ရေထည့်ပါ ငံပြာရည် ထမင်းစားဇွန်း ခြောက်ဇွန်းထည့်ပါ
ငရုတ်သီးကြမ်းမှုန့်ထည့်ပီး ဆူလာပီဆို ငံပြာရည်အစပ်ချက်လေးရပါပီရှင့်
