မွေ့ယာပေါ် Power Bank အားသွင်းရာမှ တိုက်ခန်းမီးလောင်ပြီး အမျိုးသားတစ်ဦးသေဆုံးမှု စမ်းချောင်းတွင် ယနေ့မနက်ပိုင်းက ဖြစ်ပွား
ဒီဇင်ဘာ ၇
ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြိုနယ်၊ အောင်ချမ်းသာရပ်ကွက်၊ သီရိမင်္ဂလာလမ်းတွင် ယနေ့ ဒီဇင်ဘာလ ၇ ရက် နံနက် ၃ နာရီ ၈ မိနစ်ခန့်က မွေ့ယာပေါ်တွင် Power Bank အားသွင်းရာမှ တိုက်ခန်းမီးလောင်မှုဖြစ်ပွားခဲ့ရာ အမျိုးသားတစ်ဦး သေဆုံးခဲ့ကြောင်း မီးငြှိမ်းသတ်သူများကပြောပါတယ်။
မီးလောင်မှုမှာ ၃ ခန်းတွဲ သုံးထပ်တိုက်၊ ပထမထပ်ရှိ ဘယ်ဘက်ခန်းနှင့် အလယ်ခန်း အခန်းချင်းဆက်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မွေ့ယာပေါ်တွင် အားသွင်းထားသော Power Bank ချိုယွင်း၍ အပူလွန်ကဲကာ မီးစထွက်ရာမှ အိပ်ယာပေါ်သို မီးကူးစက်၍ လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးသူများ၏ အတည်ပြုချက်အရ သိရပါတယ်။
မိနစ် ၃ဝ ခန့်ကြာမြင့်ခဲ့သော မီးလောင်မှုကြောင့် အဆောက်အအုံနှင့်အတွင်းပစ္စည်းများ မီးလောင်ဆုံးရှုးခဲ့ပြီး အသက် ၃၄ နှစ်အရွယ် အမျိုးသားတစ်ဦးသေဆုံးခဲ့ကြောင်း သိရပါတယ်။