တရုတ်နိုင်ငံအတွက် သူလျှိုလုပ်မှုနဲ့ ထိုင်ဝမ်စစ်သား ၄ ဦး စွဲချက်တင်ခံထားရ

နိုင်ငံတကာ၊ ဒီဇင်ဘာ ၇

ထိုင်ဝမ်သမ္မတရုံးလုံခြုံရေးတပ်ဖွဲ့ဝင် ၃ ဦးအပါအဝင် ထိုင်ဝမ်စစ်သား ၄ ဦးကို တရုတ်နိုင်ငံကို ဓာတ်ပုံတွေနဲ့ လျှို့ ဝှက်သတင်းအချက်အလက်တွေ ပေးပို့ခဲ့မှုနဲ့ ဒီဇင်ဘာ ၆ ရက်နေ့ (သောကြာနေ့) က စွဲချက်တင်လိုက်ကြောင်း အစိုးရရှေ့နေတွေနဲ့ သမ္မတရုံးက ပြောကြားလိုက်ပါတယ်။

ထိုင်ဝမ်နိုင်ငံဟာ ၁၉၄၉ ခုနှစ်ကတည်းက တရုတ်ပြည်မကြီးက ခွဲထွက်လာခဲ့တာဖြစ်ပေမဲ့ တရုတ်အစိုးရက တော့ ထိုင်ဝမ်ဟာ ၎င်းတို့ပိုင်ဖြစ်ပြီး တစ်နေ့ပြန်လည်သိမ်းပိုင်မယ်လို့ ပြောဆိုထားပါတယ်။

ထိုင်ဝမ်ကို တရုတ်အစိုးရက ပိုင်တယ်ဆိုတဲ့ပြောဆိုချက်ကို လက်ခံဖို့အတွက် တရုတ်အစိုးရဟာ ထိုင်ဝမ်ကို စစ် ရေး/နိုင်ငံရေးအရ တောက်လျှောက်ဖိအားပေးနေစဉ်အတွင်းမှာပဲ ထိုင်ဝမ်နိုင်ငံထဲမှာ တရုတ်သူလျှိုဖမ်းဆီးရရှိမှု တွေ တွေ့လာခဲ့ရပါတယ်။

အခု နောက်ဆုံးဖြစ်စဉ်မှာတော့ စွပ်စွဲခံသူလျှိုတွေထဲမှာ ထိုင်ဝမ်သမ္မတရုံးလုံခြုံရေးတပ်ဖွဲ့က စစ်သား ၃ ဦးပါ ပါဝင်နေတာတွေ့ရကြောင်း သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ် ဝန်လီက ပြောပါတယ်။ စတုတ္ထမြောက် သူလျှိုကတော့ ကာကွယ်ရေးဝန်ကြီးဌာန သတင်းနဲ့ ဆက်သွယ်ရေး ဌာနချုပ်က စစ်သားတစ် ဦးဖြစ်တယ်လို့ ဆိုပါတယ်။

အဲဒီသူလျှိုတွေဟာ ၎င်းတို့မိုဘိုင်းဖုန်းတွေနဲ့ စစ်ရေးသတင်းအချက်အလက်တွေကို ဓာတ်ပုံရိုက်ပြီး တရုတ် ထောက်လှမ်းရေးတွေထံ ပေးပို့ခဲ့ကြောင်း တိုင်ပေခရိုင်အစိုးရေ့ရှ့နေရုံးက ပြောပါတယ်။

“ထိုင်ဝမ်ပြည်သူနဲ့ နိုင်ငံကို ထိခိုက်တဲ့ ဘယ်လို သစ္စာဖောက်လုပ်ရပ်မျိုးကိုမဆို” ပြင်းပြင်းထန်ထန် ကန့်ကွက် ရှုတ်ချကြောင်း သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ် ဝန်လီက ပြောပါတယ်။

“တရုတ်နိုင်ငံဟာ ကျွန်တော်တို့နိုင်ငံထဲကို စိမ့်ဝင်ထိုးဖောက်ဖို့၊ ခြိမ်းခြောက်ဖိအားပေးဖို့၊ ဖိနှိပ်ထိန်းချုပ်ဖို့အ တွက် နည်းလမ်းပေါင်းစုံအသုံးပြုနေတာ ကြာပါပြီ။ ထိုင်ဝမ်ပြည်သူတွေရဲ့ အကြိတ်အနယ်ယှဉ်ပြိုင်တိုက်ခိုက်ပြီး ရယူထားတဲ့ ဒီမိုကရေစီနဲ့ လွတ်လပ်ခွင့်တွေကို ဖြိုခွဲဖျက်ဆီးဖို့ ရည်ရွယ်ပြီး ဆောင်ရွက်နေတာဖြစ်ပါတယ်။” လို့ လီက ကြေညာချက်ထဲမှာ ပြောပါတယ်။

“ကျွန်တော်တို့ အမိမြေကို ကာကွယ်ဖို့ စစ်သားရော အရပ်သားပါ စည်းလုံးညီညွတ်နေရမှာဖြစ်တယ်။ စစ်သည် တစ်ယောက်အနေနဲ့ အရာရှိဖြစ်စေ အခြားအဆင့်ဖြစ်စေ မိမိကိုယ်ကျိုးစီးပွားအတွက် နိုင်ငံတော်ကို သစ္စာ ဖောက်ရင်၊ ပြည်သူကို သစ္စာဖောက်ရင် အလွန်ဆိုးရွားပြီး ရှက်စရာကောင်းတဲ့လုပ်ရပ်ဖြစ်သလို ဥပဒေအရပြင်း ပြင်းထန်ထန် အရေးယူခံရမှာဖြစ်တယ်။” လို့ ၎င်းက ပြောပါတယ်။

အဲဒီသူလျှို ၄ ဦးဟာ ၎င်းတို့ပေးပို့ခဲ့တဲ့ စစ်ရေးလျှို့ဝှက်သတင်းအဆင့်အတန်းပေါ် မူတည်ပြီး ဒေါ်လာ ၈,၀၀၀ ကနေ ဒေါ်လာ ၂၀,၀၀၀ အထိ လက်ခံရရှိခဲ့ကြောင်း အစိုးရရှေ့နေတွေက ပြောပါတယ်။

ဒီဖြစ်စဉ်တွေဟာ ၂၀၂၂ ခုနှစ်နဲ့ ၂၀၂၄ ခုနှစ်ကြားမှာ ဖြစ်ပျက်ခဲ့တာလို့ဆိုပါတယ်။ သမ္မတရုံးလုံခြုံရေးတာဝန်ကျ စစ်သည် ၃ ဦးကို သတင်းအရ အခုနှစ် သြဂုတ်လအတွင်း စုံစမ်းစစ်ဆေးရေး မလုပ်ခင် တပ်မတော်က ထုတ်ပယ်လိုက်ပြီး စတုတ္ထမြောက်စစ်သည်ကိုတော့ သြဂုတ်လမှာ တာဝန်က ရပ်ဆိုင်းထားပါတယ်။

စစ်သည် ၄ ဦးစလုံးကို ဖမ်းဆီးထိန်းသိမ်းထားပြီး လျှို့ဝှက်သတင်းအချက်အလက်တွေနဲ့ အီလက်ထရောနစ် မှတ်တမ်းတွေ တရုတ်နိုင်ငံကို ပေးပို့ခဲ့တဲ့အတွက် အဂတိလိုက်စားမှု၊ အမျိုးသားလုံခြုံရေးဥပဒေချိုးဖောက်မှုတို့ နဲ့ တရားစွဲဆိုထားပါတယ်။

ပြစ်မှုထင်ရှားရင် အဆိုပါ စစ်သည် ၄ ဦးဟာ အမြင့်ဆုံးထောင်ဒဏ် ၇ နှစ်အထိ ချမှတ်ခံရမှာဖြစ်ပါတယ်။

Ref: Four Taiwan Soldiers Charged with Spying for China

#centralnewsnaypyitaw

image
image
image