စမ်းချောင်း၊ အောင်ချမ်းသာရပ်ကွက်တွင် ယနေ့နံနက်မီးလောင်မှု‌ဖြစ်ပွားပြီး တစ်ဦးသေဆုံး

ဒီဇင်ဘာ ၇

ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်၊ အောင်ချမ်းသာရပ်ကွက်တွင် ယနေ့ ဒီဇင်ဘာလ ၇ ရက် နံနက် ၃ နာရီကျော်အချိန်က မီးလောင်မှု‌ဖြစ်ပွားပြီး တစ်ဦးသေဆုံးခဲ့ကြောင်း ရဲသူရိန်စမ်းချောင်းအရန်မီးသတ်ထံက သိရသည်။

အဆိုပါ အောင်ချမ်းသာရပ်ကွက်၊ သီရိမင်္ဂလာလမ်းတွင် မီးလောင်မှုဖြစ်ပွားရာသို့ အနောက်ပိုင်းခရိုင်မီးသတ်စခန်း၊ အလုံမြို့နယ် မီးသတ်စခန်း၊ စမ်းချောင်းမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်အုပ်စုများနှင့်အတူ စမ်းချောင်းအရန်မီးသတ်မှ ရေထိုင်(မီးသတ်စက်တင်ယာဉ်)ထွက်ခွာကာ အနီးနားရှိ ကံမြင့်ကျောင်းတိုက်ငါးကန်မှ ရေယူ၍ ရေမပြတ်စေရေး တိုက်ရိုက်ရေပေးစနစ်ဖြင့်ကူညီငြှိမ်းသတ်ခဲ့ကြကြောင်း သိရသည်။

မီးလောင်မှုကြောင့် အမျိုးသားတစ်ဦးသေဆုံးသွားကြောင်း သိရသည်။

#သတင်းဟင်းလေးအိုးကြီး

image
image
image
image
image