20 ပတ် - ဘာသာပြန်ပါ။

ရွှေ အရည်အသွေး ပြည့်မီရန်အတွက် ဓာတ်ခွဲခန်း ဖွင့်လှစ်မည်

ရွှေအရည်အသွေး ပြည့်မီရန်အတွက် ဓာတ်ခွဲခန်း ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းမှ သိရသည်။

နိုင်ငံတကာ အသိအမှတ်ပြု ISO လက်မှတ်ရရှိရန်ဆောင်ရွက်နေပြီး နိုင်ငံတကာမှ အသိအမှတ်ပြုအဖွဲ့များမှ လာရောက်စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ကုမ္ပဏီအားလုံးသည် အမေရိကန်၊ ဂျာမနီ၊ အင်္ဂလန်နိုင်ငံတို့တွင်ရှိပြီး ၎င်းတို့မှချိန်လိုက်သည့်အလေးချိန်သည် မှန်မှန်ကန်ကန်ဖြစ်ရမည်ဖြစ်ပြီး တစ်ကမ္ဘာလုံးရှိ မည်သည့်ချိန်ခွင်တွင် မဆို အလေးချိန် မှန်မှန်ကန်ကန်ဖြစ်ရမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် မြန်မာ့ရွှေကို ကမ္ဘာ့ရွှေဈေးကွက်တွင်ပါ ရောင်းဝယ်နိုင်သည့် အရည်အသွေးပြည့်မီအောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

" ပြည်တွင်းရွှေဈေးကွက်အနေနဲ့ ကမ္ဘာ့ရွှေဈေးကွက်တစ်ခုကို ထပ်ပြီးရလိုက်တဲ့သဘောပေါ့။ လန်ဒန် Exchange မှာလည်းသွားရောင်းလို့ရတယ်။ နိုင်ငံတကာကို ကျွန်တော်တို့ဆီက တရားဝင်ရောင်းလို့ ဝယ်လို့ရသွားတဲ့ အခြေအနေပဲဖြစ်ပါတယ်"ဟု ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

လက်ရှိ ကမ္ဘာ့ရွှေဈေးအနည်းငယ်တတ်လာသည့်အတွက်ပြည်တွင်းရွှေဈေးကွက်တွင်လည်း ဈေးနှုန်းမြင့်တက်လာပြီး အရောင်းအဝယ်အေးနေကြောင်း သိရသည်။

image