20 ပတ် - ဘာသာပြန်ပါ။

ကလေးမြို့ ဖုန်းဆိုင်အများစုမှာ MPT ဖုန်းဆင်းကဒ် ပြတ်လပ်နေ

နိုဝင်ဘာ ၆

စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာ ဖုန်းလိုင်းတွေ ပြတ်တောက်နေပြီး MPT ဆင်းကဒ် တစ်မျိုးတည်းသာ ဖုန်းလိုင်းနဲ့ အင်တာနက် ရရှိတာကြောင့် ဖုန်းဆိုင်တွေမှာ MPT ဆင်းကဒ် ပြတ်လပ်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။

အရင်က MPT ဖုန်းဆင်းကဒ် တစ်ခုကို ၁သောင်း ၀န်းကျင်သာ ရှိခဲ့ပေမယ့် လက်ရှိမှာတော့ ၃ သောင်း၀န်းကျင်အထိ ‌ဈေးတက်နေတယ် လို့ဆိုပါတယ်။

" ဖုန်းလိုင်းက MPT ပဲ ရတယ်ဆိုတော့ ဖုန်းဆိုင်တွေမှာ လိုက်မေးတာ၊ ကုန်ပြီလို့ပဲ ပြောကြတယ်။ တချို့ကျ နှစ်သောင်းခွဲ၊ တချို့ကျ သုံးသောင်းတဲ့။ အဲဒီလိုမျိုးတောင် ရောင်းဖို့ မရှိလို့ ပြန်ခဲ့ရတယ်။ " လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

Atom ဖုန်းလိုင်းဟာ လွန်ခဲ့တဲ့ ရက်သတ္တပတ်ကတည်းက ပြတ်တောက်နေတာ ဖြစ်ပြီး ‌Ooredoo ဖုန်းကတော့ ဒီဇင်ဘာ ၅ ရက်နေ့ မနေ့ညပိုင်းကတည်းက ပြတ်တောက်ခဲ့တာလို့ သိရပါတယ်။

ဖုန်းလိုင်းအပြင် အင်တာနက် WiFi ဖိုင်ဘာလိုင်းတွေပါ ပြတ်တောက်နေလို့ ဒေသခံတွေ အခက်အခဲဖြစ်နေတယ်လို့ ပြောပါတယ်။

#centralnewsnaypyitaw

image