TikTok ကို အမေရိကန်မှာ ပိတ်ပင်ဖို့ နီးစပ်လာ
ဝါရှင်တန်၊ ဒီဇင်ဘာ ၇
TikTok ကို ယခုနှစ် ဇန်နဝါရီ ၁၉ ရက်နောက်ဆုံးထားပြီး အမေရိကန်မှာ ပိတ်သိမ်းမယ့်ကိစ္စ အယူခံကို တရားရုံးက ပယ်ချလိုက်တာကြောင့် TikTok အနေနဲ့ အမေရိကန်ကနေ ထွက်ခွာရဖို့ နီးစပ်လာပြီဖြစ်ပါတယ်။
ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရန့် ဇန်နဝါရီ ၂၀ ရက်မှာ ရာထူးတက်ဖို့ ပြင်ဆင်နေချိန်မှာ ဖြစ်နိုင်ခြေရှိတဲ့ ဒီပိတ်ပင်မှုအတွက် အမေရိကန်-တရုတ် ဆက်ဆံရေးအပေါ်လည်း ထိခိုက်လာနိုင်စေပါတယ်။ ဒီကိစ္စကို တရားရုံးချုပ်ထိ အယူခံဆက်ဝင်မယ်လို့ TikTok ကဆိုပါတယ်။
တရားရုံးချုပ်ဟာ အမေရိကန်တွေရဲ့ လွတ်လပ်စွာ ပြောဆိုခွင့်တွေကို ကာကွယ်တဲ့ သမိုင်းဝင်မှတ်တမ်းတွေရှိပြီး ဒီလိုအရေးကြီးတဲ့ ဥပဒေဆိုင်ရာကိစ္စမှာ ယခင်လိုလုပ်ဆောင်မယ်လို့ မျှော်လင့်ကြောင်း TikTok ဘက်က ပြောပါတယ်။
ပြီးခဲ့တဲ့ ဧပြီလအတွင်း သမ္မတဂျိုးဘိုင်ဒင် လက်မှတ်ရေးထိုးခဲ့တဲ့ ဒီဥပဒေအရ TikTok ရဲ့ မိခင်ကုမ္ပဏီ ByteDance ကုမ္ပဏီအနေနဲ့ ဇန်နဝါရီ ၁၉ ရက်မတိုင်ခင် ဒီအက်ပလီကေးရှင်းကို မရောင်းချဘူးဆိုရင် အမေရိကန်ရှိ အက်ပလီကေးရှင်းစတိုးတွေနဲ့ ဝက်ဘ်ဆိုက်တွေကနေ သုံးလို့မရအောင် ပိတ်ပင်မှာဖြစ်ပါတယ်။
ဒါဟာ TikTok ကို တရုတ်အစိုးရက ထိန်းချုပ်ထားပြီး လုံခြုံရေးဆိုင်ရာ စိုးရိမ်ပူပန်မှုတွေကြောင့် ဖြစ်သည်ဟု အမေရိကန်အာဏာပိုင်များက ပြောဆိုထားသော်လည်း ကုမ္ပဏီကမူ ကြိမ်ဖန်များစွာ ငြင်းဆိုထားပါတယ်။ လက်ရှိမှာတော့ အမေရိကန်မှာ TikTok သုံးစွဲသူ သန် ၁၇၀ ကျော်ရှိနေပါတယ်။
Ref:CNA
Photo:AP
Credit - VOM News Agency
#သတင်းဟင်းလေးအိုးကြီး
