26 w - Translate

မန်စီးတီးကစားသမားဘ၀ ပြိုင်ပွဲစုံ သွင်းဂိုး(၁၀၀)ပြည့်ခဲ့တဲ့ ကွင်းလယ်လူ ဒီဘရိုင်းနားလ်

မန်ချက်စတာစီးတီးအသင်းရဲ့ ကွင်လယ်ဖန်တီးရှင် ကယ်ဗင် ဒီဘရိုင်းနားလ်ဟာ ခရစ်စတယ်ပဲလေ့စ်နဲ့ ကစားခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်(၃၂)တွင် အသင်းအတွက် သွင်းဂိုး (၂)ဂိုးသွင်းယူပေးနိုင်ခဲ့သည်။ဒီဘရိုင်းနားလ်ရဲ့ ခြေစွမ်းပြမှုနဲ့အတူ ကစားရခက်တဲ့ ပဲလေ့စ်ကို နိုင်ပွဲရယူနိုင်ခဲ့ခြင်းဖြစ်ပြီး အဆိုပါသွင်းဂိုးများဟာ ဘယ်လ်ဂျီယံကွင်းလယ်လူ ရဲ့ စီးတီးကစားသမားဘ၀ပြိုင်ပွဲစုံ (၁၀၀)ပြည့်မြောက်ခဲ့ပြီဖြစ်သည်။ဒီဘရိုင်းနားလ်သည် အသင်းအတွက် ပြိုင်ပွဲစုံပွဲပေါင်း (၃၇၂)ပွဲကစားရာတွင် ရာပြည့်ဂိုးသွင်းယူနိုင်ခြင်းဖြစ်ပြီး အသင်းသမိုင်းတစ်လျှောက် ရာပြည့်ဂိုးသွင်းယူနိုင်သည့် (၁၈)ဦးမြောက် ကစားသမားဖြစ်လာခဲ့ကြောင်း သိရသည်။(၂၀၁၅-၁၆)ရာသီတွင် မန်စီးတီးအသင်း၌ စတင်ကစားခဲ့သော ဒီဘရိုင်းနားလ်သည် ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် (၆၇)ဂိုး၊ ချန်ပီယံလိဂ်ပြိုင်ပွဲတွင် (၁၅)ဂိုး၊ လိဂ်ဖလားပြိုင်ပွဲတွင် (၁၀)ဂိုး၊ FA ဖလားပြိုင်ပွဲတွင် (၈)ဂိုး စုစုပေါင်း(၁၀၀)ဂိုးသွင်းယူခဲ့ခြင်းဖြစ်သည်။

image