26 w - Translate

ချင်းပြည်နယ်🌿

ရိဒ်ရေကန် (Rih Lake) (သို့မဟုတ်) အသည်းပုံရေကန်❤️

☘️နိုင်ငံအေးချမ်းတဲ့ တစ်နေ့ရောက်အောင်သွားလည်မယ်

ရိဒ်ရေကန်ဟာ ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ရိခေါဒါရ်မြို့မှာ ရှိပြီး ပင်လယ်ရေမျက်နှာပြင်အထက် (၂၉၆၆) ပေမြင့်တဲ့ နေရာတွင် ရှိပါတယ်။ အိန္ဒိယ-မြန်မာ နယ်နိမိတ်ဖြစ်တဲ့ တီယိုချောင်း နဲ့ (၂)မိုင်ခန့်အကွာတွင် တည်ရှိပြီး အပျော်စီး စက်လှေဖြင့် ရိဒ်ရေကန်လေးကို လေ့လာနိုင်ပါတယ်။ အကျယ်အဝန်း(၃)မိုင်ရှိတဲ့ ရိဒ်ရေကန်ဟာ သဘာဝအတိုင်းအသည်းနှလုံးပုံသဏ္ဍာန်ဖြစ်တည်နေတာဖြစ်ပြီး ရေကန်ရဲ့ ပတ်လည်မှာ မိုးမခပင်ပုလေးများ သဘာဝအတိုင်း ဝန်းရံကွက်ထားပါတယ်။ ရိရေကန်လေးသို့ သွားလည်ချင်တယ်ဆို်ရင်တော့ ကလေး-တီးတိန်-ရိခေါဒါရ် လမ်းကြောင်းဖြင့်လည်းကောင်း၊ ဂန့်ဂေါ-ဟားခါး-ဖလမ်း-ရိခေါဒါရ် လမ်းကြောင်းဖြင့်လည်းကောင်း သွားရောက်လည်ပတ်နိုင်ပါတယ်။

image