USDP ပါတီ ဥက္ကဋ္ဌနှင့် ဒူးမားလွှတ်တော် ဒု-ဥက္ကဋ္ဌတို့တွေ့ဆုံ
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (USDP)ဥက္ကဋ္ဌဦးခင်ရီနှင့် ရုရှားနိုင်ငံ၊ ဒူးမားလွှတ်တော် ဒု-ဥက္ကဋ္ဌဖြစ်သူ H.E.Mr Sholban Kara-Ool တို့ ဒီဇင်ဘာ ၄ ရက်ညနေ့ ၅ နာရီက နေပြည်တော်ရှိ USDP ရုံးချုပ်၌တွေ့ဆုံခဲ့ကြသည်။
တွေ့ဆုံစဥ် မြန်မာ-ရုရှား နှစ်နိုင်ငံဆက်ဆံရေးအခြေအနေ၊ USDP ပါတီနှင့် United Russia ပါတီတို့ကြား ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှုတိုးမြှင်ဆောင်ရွက်နိုင်မည့် အခြေအနေများကို ဆွေးနွေးခဲ့ကြသည်။
ထို့ပြင် USDP ပါတီ ဥက္ကဋ္ဌဦးခင်ရီမှ ဒူးမားလွှတ်တော် ဒု-ဥက္ကဋ္ဌ H.E.Mr Sholban Kara-Ool ၊ မြန်မာနိုင်ငံဆိုင်ရာ ရုရှားနိုင်ငံသံရုံး၏ သံအမတ်ကြီး H.E.Mr ISKANDER Azizov နှင့်အဖွဲ့ဝင်များအား နေပြည်တော်ရှိ Park Royal Hotel ၌ ညစာဖြင့်တည်ခင်းဧည့်ခံခဲ့သည်။


