20 w - Translate

မန်ယူနှင့် ယှဉ်ပြိုင်ရမည့် ပွဲစဉ်အပေါ် ခန့်မှန်းမရဟု နော်တင်ဟမ်နည်းပြ ပြော

မန်ယူအသင်းနဲ့ ယှဉ်ပြိုင်ရမယ့် ပရီးမီးယားလိဂ်ပွဲစဉ်နဲ့ ပတ်သက်ပြီး ခန့်မှန်းလို့ မရကြောင်း နော်တင်ဟမ်ဖောရက်စ်နည်းပြ နူနိုဆန်းတို့စ်က ပြောပါတယ်။

နော်တင်ဟမ်အသင်းဟာ လာမယ့်တပတ် ပရီးမီးယားလိဂ်ပွဲစဉ်မှာ မန်ယူအသင်းရဲ့ အိမ်ကွင်းမှာ သွားရောက်ကစားရမှာပါ။

ပေါ်တူဂီ နည်းပြဆန်းတို့စ်ကတော့ တနိုင်ငံတည်းသားနည်းပြ အာမိုရင်ဟာ ကစားသမားတွေရဲ့ အကြောင်းကို ပိုပိုသိရှိနားလည်ဖို့ ကြိုးပမ်းနေဆဲဖြစ်ပြီး အပြောင်းအလဲတွေ အများကြီး လုပ်ဆောင်ထားတဲ့အတွက် ဘယ်လိုရလဒ်ထွက်မလဲဆိုတာ ခန့်မှန်းရခက်ခဲကြောင်း ပြောပါတယ်။

မန်ယူအသင်းမှာ အရည်အသွေးရှိ ကစားသမားတွေနဲ့ ပါရမီရှင်ကစားသမားတွေရှိပြီး ကိုယ့်အသင်း အပေါ်မှာပဲ အာရုံစိုက်ပြီး ပြင်ဆင်သွားရမှာဖြစ်တယ်လို့ နူနိုဆန်းတို့စ်က ပြောပါတယ်။
DVB
Photo-Reuters

image