1951 ထုတ် ကားတွေကို မြန်မာပြည်ကလမ်းတွေပေါ်မှာမြင်ရတုန်းပဲ
လူ ၁၂ ယောက်ဟာ ၁၉၅၁ ခုနှစ်ထုတ် Chevrolet ထရပ်ကားတစ်စီးနဲ့ အမေရိကန်
ကမ်းခြေတစ်ခုကို ရောက်လာတယ်။ ၂၀၀၃ ဇူလိုင် ၁၆ ရက်က။
ကားပတ်လည်မှာ ဂါလံ ၂၀၀ ဆန့် တိုင်ကီတွေဆက်ပြီး ဆင်ထားတဲ့ ပန်ကာတပ် တွန်းအားပေးကိရိယာနဲ့ပါ၊ ကားအင်ဂျင်နဲ့ မော်တော်လိုမောင်းလို့ရအောင် လုပ်ထားတာ။
ဘယ်သူတွေလဲဆိုတော့ ကျူးဘားတွေ၊ အဲ့ဒါကို ကျူးဘားကနေ ရေထဲမောင်းချလာတာ တစ်နာရီ ကီလိုမီတာ ၂၀ နှုန်းနဲ့ ဖလော်ရီဒါပြည်နယ်၊ ကီးဝက်စ်ကို ရောက်လာပါသတဲ့။
ခိုလှုံခွင့် ရသွားတာပေါ့၊ တီထွင်ဖန်တီးနိုင်စွမ်းနဲ့ ဉာဏ်ပညာသုံးပြီး လွတ်လပ်မှု... ရသွားတာပေါ့။
Credit to Min Myat San
