နေပြည်တော်ရှိ ပုဂ္ဂလိကရုံးမှ ဝန်ထမ်းအမျိုးသားတစ်ဦး ကြိုးဆွဲချ၍ သေဆုံး
နေပြည်တော်၊ ဒီဇင်ဘာ ၆
နေပြည်တော်ကောင်စီနယ်မြေ၊ ပျဉ်းမနားမြို့၊ ဦးမင်းဒင်ရပ်ကွက်တွင် ပုဂ္ဂလိကရုံးမှ (Sub-contractor) ဝန်ထမ်းအမျိုးသားတစ်ဦး ဝိုင်ဖိုင်ကြိုးဖြင့် ကြိုးဆွဲချ၍ မိမိကိုယ်ကိုအဆုံးစီရင်၍ သေဆုံးမူဖြစ်ပွားကြောင်း သိရသည်။
ယနေ့ ဒီဇင်ဘာလ ၆ ရက် နံနက် ၂ နာရီ ၅၂ မိနစ်အချိန်တွင် အမျိုးသားတစ်ဦး ကြိုးဆွဲချ၍ သေဆုံးကြောင်း သတင်းရရှိသောကြောင့် ဖြစ်စဉ်နေရာသို့ ဒေသခံ လူမှုကူညီရေးအသင်းမှ ရုပ်အလောင်းကို ကုတင် ၂၀၀ ဆန့်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်လိုက် ကြောင်း သိရသည်။
“ဝိုင်ဖိုင်ကြိုးနဲ့ ကြိုးဆွဲချသေတာ။ သူ့မှာ မိန်းမနဲ့ ကလေးရှိတယ်” လို့ ပျဉ်းမနားမြို့တွင် နေထိုင်သူတစ်ဦးထံမှ သိရသည်။
ထိုကြိုးဆွဲချ၍ သေဆုံးသည့် အမျိုးသားမှာ အသက် (၃၀) ဝန်းကျင်ရှိကြောင်း၊ ၎င်းမှာ mm-link Sub-contractor မှ ဝန်ထမ်းတစ်ဦးဖြစ်ပြီး မည်သည့်ကိစ္စကြောင့် သေဆုံးသည်ကို သိရှိရခြင်းမရှိကြောင်း သိရသည်။
Photo - Credit
#သတင်းဟင်းလေးအိုးကြီး
