21 w - Translate

သံဖြူဇရပ်မြို့ တည်ထောင်ခြင်း နှစ် (၁၅၀) ပြည့် အထိမ်းအမှတ်ပွဲ ကျင်းပပြုလုပ်မည်

မွန်ပြည်နယ် ၊ သံဖြူဇရပ်မြို့ တည်ထောင်ခြင်း နှစ် (၁၅၀) ပြည့်အထိမ်းအမှတ်ပွဲကို ဒီဇင်ဘာလ (၂၇)ရက်မှ (၃၀) ရက်အထိ မြို့လယ်ပန်းခြံတွင် ကျင်းပသွားမည်ဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

"ကျွန်တော်တို့ ငယ်ငယ်ကတော့ နှစ် (၁၀၀)ပြည့် ပွဲလုပ်တာကြုံဖူးတယ်။အခုကတော့ မြို့တည်ထောင်လာတဲ့ နှစ် (၁၅၀) ပြည့်အထိမ်းအမှတ်ပေါ့။ ပျော်ပွဲရွှင်ပွဲတွေတော့ထည့်မယ်ထင်တယ်။ အရင်ကတော့ ပြက္ခဒိန်ထုတ်ဝေတာမျိုးတွေရှိတယ်"ဟု ဒေသခံတစ်ဦးက ဆိုသည်။

မြို့တည်ထောင်ခြင်း နှစ် (၁၅၀) ပြည့် အထိမ်းအမှတ်အနေဖြင့် သံဖြူဇရပ်မြို့၊ သူမြို့သားများ စုပေါင်း၍ သံဃာတော်အပါး (၁၅၀)အား ဆွမ်းကပ်ခြင်း၊ ဆွမ်းဆန်စိမ်းလှူဒါန်းခြင်း ၊ ကမ္ဗည်းမော်ကွန်းကျောက်စာ စိုက်ထူခြင်း၊ မဂ္ဂဇင်း ပြက္ခဒိန်ထုတ်ဝေခြင်း၊ အားကစားပွဲ၊ ဖျော်ဖြေရေးနှင့် စာပေပြိုင်ပွဲများ ထည့်သွင်းကျင်းပသွားမည်ဟု သိရသည်။

သံဖြူဇရပ်မြို့ကို ၁၈၇၄ ခုနှစ်မှစတင်၍ တည်ထောင်လာခြင်းဖြစ်ပြီး ၁၉၆၄ ခုနှစ်၌ နိုင်ငံတော်က မြို့နယ်အဆင့်အဖြင့် သတ်မှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

image