ကာကွယ်ရေးဝန်ကြီးအဖြစ် ထရမ့်ရွေးချယ်ထားသူက သူ့ရာထူး အတည်ဖြစ်ပါက အရက်ဖြတ်မည်ဟု ကတိပေး
ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်က အမေရိကန်ပြည်ထောင်စု ကာကွယ်ရေးဝန်ကြီးအဖြစ် ရွေးချယ်ထားသည့် ပိဟက်ဆက်(Pete Hegseth)က သူ့အတွက် ထရမ့်ရွေးချယ်ထားသော ရာထူးခန့်အပ်မှုကို အထက်လွှတ်တော်က အတည်ပြုပြီဆိုလျှင် အရက်ဖြတ်မည်ဟု ကတိပေးလိုက်သည်။ ပိဟက်ဆက်သည် ယခင်က စစ်ဖက်ဆိုင်ရာ အရာရှိဟောင်းတစ်ဦးဖြစ်ခဲ့ပြိး၊ ရုပ်သံအစီအစဉ်တင်ဆက်သူတစ်ဦးလည်းဖြစ်သည်။
သူ့အား ကာကွယ်ရေးဝန်ကြီးအဖြစ် အတည်ပြုပါက အရက်ဖြတ်မည်ဟု ရီပတ်ဘလစ်ကန် အထက်လွှတ်တော်အမတ်များကို ကတိပြုခဲ့ကြာင်း မီဒီယာများက ရေးသားဖော်ပြကြသည်။
အမေရိကန် အထက်လွှတ်တော်အမတ် အများအပြားသည် ကာကွယ်ရေးဝန်ကြီးအဖြစ် ဟက်ဆက်ကို ထောက်ခံရန် တွန့်ဆုတ်နေကြကြောင်း သတင်းရင်းမြစ်များကို ကိုးကား၍ အစောပိုင်းတွင် ABC သတင်းဌာနက ဖော်ပြခဲ့သည်။ NBC News ၏အဆိုအရ ဥပဒေပြုအမတ်များသည် ဟက်ဆက်အား မိန်းမရှုတ်သည်ဟုဆိုကြခြင်းနှင့် အရက်ေ-သစာသောက်စားခြင်း စွပ်စွဲချက်များနှင့်ပတ်သက်၍ စိုးရိမ်ပူပန်နေကြသည်။
ဟက်ဆက်ကမူ အမျိုးသမီးများနှင့်ပတ်သက်၍ သူ့အပေါ်စွပ်စွဲပြောဆိုမှုများကို ငြင်းဆိုခဲ့ပြီး စစ်မှုထမ်းဟောင်းများ၏ အကျိုးအမြတ်မယူသောအဖွဲ့နှစ်ဖွဲ့မှ နှင်ထုတ်ခံခဲ့ရသည်ဆိုခြင်းမှာလည်း မဟုတ်မှန်ကြောင်း ပြန်လည်ချေပပြောဆိုခဲ့ခဲ့သည်။
သူ့အား စွပ်စွဲချက်အချို့၌ သူသည် လူမြင်ကွင်းတွင် အရက်မူးနေခြင်းများလည်း ပါဝင်သည်။
