မောင်သာနိုး (သို့မဟုတ်) အဖြီးအဖြန်း မကြိုက်သူ (Part-2)
သူက ရဲဘော်ကောင်း ခေါင်းဆောင်ကောင်းဖြစ်သလောက် ဆရာကောင်း လည်းဖြစ် တပည့်ကောင်းလည်း ဖြစ်ပါတယ်။
၁၉၆၇ အင်းစိန်ထောင်က နောက်ဆုံးလွတ်ပြီး ရန်ကုန်တက္ကသိုလ် မြန်မာစာ မဟာဝိဇ္ဇာတန်း တက်ပါတယ်။ ကျူတိုရီယယ် သင်တန်းတွေကအစ တစ်ချိန်မှ အလွတ်မခံ၊ မှန်မှန်ကျောင်းတက်၊ မှန်မှန်လေ့ကျင့်ခန်းတွေ လုပ်ပါတယ်။ စာသင်ခန်း ထဲမှာ ဆရာ၊ ဆရာမက စာမေးရင် ကလေးငယ်တစ်ယောက်လို လက်ညှိုးထောင်ပြီး စာဖြေပါတယ်။ မာန်မာန လုံးဝမရှိပါဘူး၊ ဆရာ၊ ဆရာမတွေက ကိုသာနိုးအကြောင်း ကြားဖူးပြီးသားမို့ သူအတန်းထဲရှိနေရင် စာကောင်းကောင်း မသင်ရဲပါဘူး။ နောက် တော့ သူ့ရဲ့ ခြေသုတ်ပုဆိုး မြွေစွယ်ကျိုး မာန်ချိုးနှိမ်မှုကြောင့် ဌာနတစ်ခုလုံးက ချစ်ခင်လေးစားခံရတဲ့ ကျောင်းသားကောင်းလို ့ နာမည်မွှေးပါတယ်။
“တပည့်ကောင်းဖြစ်ခဲ့လို့လည်း ဆရာကောင်းဖြစ်ပေတာပဲ’လို့ ကျွန်တော်တို့က မှတ်ချက်ချမိကြတယ်။ အဲဒီအချိန်မှာ နိုင်ငံခြားဘာသာသင်ကျောင်းမှာလည်း ရုရှား ဘာသာ တက်နေသေးတယ်။ စည်းကမ်းရှိတဲ့ ကလေးငယ်တစ်ယောက်လို စနစ် တကျ ကျိုးကျိုးနွံနွံသင်ယူလေတော့ အတန်းမှာ ပထမရတာ မဆန်းပါဘူး။
ဦးသာနိုးဟာ ဖြီးတာ ဖြန်းတာ ဖားတာကို အလွန်မုန်းပါတယ်။ အပေါ်ယံ ကြည့်ရင် ပညာမာနနဲ့ ငါကွလို့ လက်မထောင်တတ်သူလို့ ထင်ဖွယ်ရှိပါတယ်။ တကယ်တတ်ကျွမ်းပြီး ရိုးသားတဲ့ပညာရှင်တွေကို အလွန်ရိုသေပါတယ်။ တပည့်ခံ
ပါတယ်။
ခုတော့ စာရေးခြင်း၊ အင်္ဂလိပ်စာသင်ခြင်းနဲ့ နာမည်လည်းကြီး ချမ်းလည်း ချမ်းသာနေပါပြီ။ သာဓု.သာဓု။
တင်မိုး