မြန်မာ့အတာသင်္ကြန် ယူနက်စကို ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်အဖြစ် သတ်မှတ်

နိုင်ငံတကာ၊ ဒီဇင်ဘာ ၅

“မြန်မာ့ရိုးရာ နှစ်သစ်ကူး အတာသင်္ကြန်ပွဲတော်” ကို ကမ္ဘာ့ဒြပ်မဲ့ ယဉ်ကျေးမှုအမွေအနှစ်စာရင်း (ICH) ထဲ ထည့်သွင်းလိုက်တယ်လို့ ပါရာဂွေးနိုင်ငံ၊ အာဆွန်စီယွန်မြို့မှာ ကျင်းပနေတဲ့ ၁၉ ကြိမ်မြောက် ကမ္ဘာဒြပ်မဲ့ယဉ် ကျေးမှုအမွေအနှစ်ညီလာခံမှာ ဒီဇင်ဘာ ၅ ရက်နေ့က ကြေညာလိုက်ကြောင်း BBC သတင်းအရ သိရပါတယ်။

“မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲတော်” ကို ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းထဲ ထည့်သွင်းပေးဖို့ ၂၀၂၃ ခုနှစ် မတ်လ ၂၄ ရက်နေ့မှာ ယူနက်စကို (UNESCO) ကို တင်ပြခဲ့ပါတယ်။ ၁၉ ကြိမ်မြောက် ကမ္ဘာဒြပ်မဲ့ယဉ် ကျေးမှုအမွေအနှစ်ညီလာခံကို ဒီဇင်ဘာ ၂ ရက်နေ့ကနေ ၇ ရက်နေ့အထိ ပါရာဂွေးနိုင်ငံ၊ အာဆွန်စီယွန်မြို့မှာ ကျင်းပလျက်ရှိပါတယ်။

အဆိုပါညီလာခံက “မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲတော်” ကို “ကမ္ဘာဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်” အဖြစ် သတ် မှတ်ကြောင်း ဒီဇင် ဘာ ၅ ရက်နေ့မှာ ထည့်သွင်းကြေညာလိုက်တာဖြစ်ပါတယ်။

“မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲတော်” ကို အခုလို “ကမ္ဘာဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်” အဖြစ် သတ်မှတ်လိုက် တာဟာ မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်ကို ကမ္ဘာက ပထမဦးဆုံး တရားဝင်အသိအမှတ်ပြုလိုက်တာဖြစ်ပါတယ်။

“မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲတော်” ယူနက်စကိုရဲ့ ကမ္ဘာဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်သွားတာဟာ မြန်မာနိုင်ငံနဲ့ ပြည်သူတွေအတွက် အကျိုးကျေးဇူးအျားအပြားရရှိတယ်လို့ ဆိုပါတယ်။

အခုလို အသိအမှတ်ပြုလိုက်တဲ့အတွက် ရရှိတဲ့အကျိုးကျေးဇူးတွေကတော့ သင်္ကြန်ပွဲတော်ကို နိုင်ငံတကာအ သိအမှတ်ပြုမှု ပိုမိုရရှိလာခြင်း၊ ယဉ်ကျေးမှုအမွေအနှစ်ကို ထိန်းသိမ်းစောင့်ရှောက်ပြီး အနာဂတ်မျိုးဆက်သစ် ကို လက်ဆင့်ကမ်းလွှဲပြောင်းနိုင်ခြင်း၊ မိမိတို့ ရိုးရာယဉ်ကျေးမှုနဲ့အညီ သင်္ကြန်ပွာတော်ကျင်းပခြင်းအတွက် ပြည် သူတွေရဲ့ တန်ဖိုးထားမှုကို အားပေးမြှင့်တင်နိုင်ခြင်း၊ တခြားယဉ်ကျေးမှုအမွေအနှစ်တွေကို အမည်စာရင်းတင် သွင်း ဖို့ဆောင်ရွက်ရာမှာ မြန်မာနိုင်ငံအတွက် တန်ဖိုးရှိတဲ့ အတွေ့အကြုံရရှိခြင်းတို့ဖြစ်ပါတယ်။

Ref: BBC/ The Global New Light of Myanmar

#သတင်းဟင်းလေးအိုးကြီး

image