အေဂျင်စီတွေအနေနဲ့ အလုပ်သမားတွေရဲ့ မိသားစုလွှဲပို့ငွေ အထောက်အထားကို လကုန်ပြီး (၅)ရက် အတွင်း မပျက် မကွက်ပေးပို့ဖို့ ထပ်မံ သတိပေး
ဒီဇင်ဘာ ၅
အလုပ်သမားစေလွှတ်တဲ့ အေဂျင်စီတွေအနေနဲ့ အလုပ်သမားတွေရဲ့ မိသားစုလွှဲပို့ငွေ အထောက်အထားကို လကုန်ပြီး (၅)ရက်အတွင်း မပျက် မကွက်ပေးပို့ဖို့ကို အလုပ်သမားညွှန်ကြားရေး ဦးစီးဌာနက ထပ်မံ သတိပေးလာတာ ကိုတွေ့ရပါတယ်။
အေဂျင်စီတွေကနေ စေလွှတ်တဲ့ အလုပ်သမားတွေဟာ လုပ်ခလစာရဲ့ အနည်းဆုံး ၂၅ % ကို (၁)လ တစ်ကြိမ် (သို့) (၃)လ တစ်ကြိမ် တရားဝင် ငွေလွှဲလမ်းကြောင်းကနေ ငွေပို့ကြရမှာ ဖြစ်တယ်လို့ သိရပါတယ်။
အဲ့ဒီလို လွှဲပို့တာမျိုးမရှိရင် မရှိတဲ့ အကြောင်းအရာကို ထည့်သွင်း ပြီး ပေးပို့ဖို့ အလုပ်သမား ဦးစီးဌာနက ညွှန်ကြားထားပါတယ်။
လိုက်နာမှုမရှိတဲ့ အေဂျင်စီတွေကို ဒဏ်ကြေးပေးဆောင်ရမယ့်အပြင် အလုပ်ခေါ်စာ (Demand Letter) အသစ် တင်ပြခွင့် ဆိုင်းငံ့ခံရမယ်လို့ သိရပါတယ်။
ပြည်ပအလုပ်အကိုင်အေဂျင်စီတွေအနေနဲ့ လစဉ် လွှဲပို့ငွေ အခြေအနေကို တင်ပြရသလို ၂၀၂၄ ခုနှစ် ဧပြီလ ကနေ သြဂုတ်လအထိ စေလွှတ်အလုပ်သမားတွေရဲ့ လွှဲပို့ငွေ အထောက်အထားတွေကိုလည်း စုစည်း တင်ပြဖို့ အသိပေးထားတယ်လို့လဲ အေဂျင်စီ တစ်ချို့ဆီကနေ သိရပါတယ်။
ဓာတ်ပုံ - Migrant Time
#centralnewsnaypyitaw
