နယူးယောက်မြို့လည်ကောင်လုပ်ကြံမှု
----------
အမေရိကန် ကျန်းမာရေးအာမခံလုပ်ငန်း UnitedHealthcare ရဲ့ စီအီးအို ဘရိန်း သွမ်ပဆန် နယူးယောက်မှာ သေနတ်နဲ့ ပစ်သတ်ခံလိုက်ရတယ်။
မျက်နှာဖုံးစွပ် အမျိုးသားတစ်ယောက်က သေနတ်နဲ့ပစ်နေတဲ့ ဗီဒီယိုမှတ်တမ်း ထွက်လာတယ်။ ဘာကြောင့်လဲ မသိရသေးပေမယ့် သွမ်ပဆန်ဟာ ခြိမ်းခြောက်မှုတွေ ခံခဲ့ရတယ်လို့ သူ့ဇနီးက ပြောတယ်။
သွမ်ပဆန် လမ်းလျှောက်လာတုန်း ကားတစ်စီးနောက်ကနေ သေနတ်သမားပေါ်လာပြီး သွမ်ပဆန့်နောက်ကျောကို ဆိုင်လင်စာတပ်ထားတဲ့ သေနတ်နဲ့ အချက်ပေါင်းများစွာ ပစ်ခတ်ခဲ့တယ်။ ပြီးတော့ လမ်းကူးပြေးပြီးနောက် လျှပ်စစ်ဆိုင်ကယ်တစ်စီးနဲ့ Central Park ဘက် မောင်းသွားတယ်။
ဒီနေ့ (သူတို့ဆီက ဗုဒ္ဓဟူးနေ့ မနက် ၆ နာရီ ၄၅ မိနစ်မှာ) ဖြစ်ခဲ့တာ အသက် ၅၀ အရွယ် သွမ်ပဆန်ဟာ နောက်ကျောနဲ့ ခြေသလုံးကြွက်သားတွေကို ကျည်တွေထိမှန်ပြီး ဆေးရုံပို့ခဲ့ပေမယ့် ဆုံးသွားတယ်။
ကြိုတင်ပြင်ဆင်ထားပုံရတဲ့ မျက်နှာဖုံးစွပ်သေနတ်သမားဟာ အနက်ရောင်အ၀တ်အစားဝတ်ပြီး မီးခိုးရောင်ကျောပိုးအိတ်နဲ့ လူဖြူအမျိုးသား၊ သေနတ်သုံးတာ ကျွမ်းကျင်တယ်။ သူ့ကိုရှာဖို့ ဒရုန်းတွေ၊ ရဟတ်ယာဉ်တွေ ခွေးတွေ သုံးနေတယ်
အခင်းဖြစ်ပွားရာနေရာက ခေတ်သစ်အနုပညာပြတိုက်နဲ့ Rockefeller Centre လို ကမ္ဘာလှည့်ခရီးသွားနေရာတွေနဲ့ မဝေးလှ။ မင်နီဆိုးတားမှာနေတဲ့ သွမ်ပဆန်ဟာ အနားက ဟီလ်တန်ဟိုတယ်မှာလုပ်တဲ့ ရင်းနှီးမြှုပ်နှံသူကွန်ဖရင့်ကိုလျှောက်သွားရင်း အသတ်ခံရတာ။
UnitedHealthcare ဟာ အမေရိကရဲ့ Medicare Advantage အစီအစဥ်တွေကို အကြီးမားဆုံးပံ့ပိုးပေးနေပြီး အလုပ်ရှင်တွေ၊ ပြည်နယ်နဲ့ ဗဟိုအစိုးရက ရန်ပုံငွေပေးထားတဲ့ အစီအစဉ်တွေအတွက် အာမခံကို စီမံပေးတယ်။
သွမ်ပဆန်ဟာ ၂၀၀၄ ခုနှစ်ကတည်းက ကုမ္ပဏီမှာ အလုပ်လုပ်ခဲ့ပြီး ၂၀၂၁ ခုနှစ်ကတည်းက အာမခံလုပ်ငန်းကို ဦးဆောင်ခဲ့တယ်။
Credit to Min Myat San




