21 ပတ် - ဘာသာပြန်ပါ။

နည်းပြသစ်အာမိုရင်လက်ထက် မန်ယူအသင်း ပထမဆုံးရှုံးပွဲတွေ့

မန်ယူအသင်းဟာ နည်းပြသစ် အာမိုရင်လက်ထက်မှာ အာဆင်နယ်ကို အရေးနိမ့်ပြီး ပထမဆုံး ရှုံးပွဲနဲ့ ကြုံတွေ့ခဲ့ပါတယ်။

မန်ယူအသင်းဟာ ပေါ်တူဂီနည်းပြ အာမိုရင်လက်ထက် ၃ ပွဲကစားခဲ့အပြီးမှာ တပွဲသရေ ၂ ပွဲနိုင်ရလဒ်နဲ့တာထွက်လှခဲ့ပြီး အာဆင်နယ်နဲ့ ၄ ပွဲမြောက်ပွဲစဉ်မှာ ပထမဆုံးရှုံးပွဲ တွေ့ခဲ့ရတာပါ။

မနေ့ညက ပွဲစဉ ပထမပိုင်းမှာ ဂိုးမရှိသရေကျခဲ့ပေမဲ့ ဒုတိယပိုင်း ၅၅ မိနစ်မှာ ယူလီယန်တင်းဘား ထောင့်ကန်ဘောကနေခေါင်းတိုက်ပြီး အာဆင်နယ်အသင်းဦး ဆောင်ဂိုးရခဲ့ပါတယ်။

အာဆင်နယ် အသင်းရရှိတဲ့ ဒုတိယဂိုးဟာလည်း ထောင့်ကန်ဘောကနေဖြစ်ပြီး ပါတေးရဲ့ ခေါင်းတိုက်ဘောဟာ နောက်ခံလူ ဆလီဘာနဲ့ ထိပြီး ဂိုးထဲဝင်သွားခဲ့တာပါ။

ဒီရလဒ်ကြောင့် မန်ယူအသင်းက ဖူဟမ်၊ ဘုန်းမောက်တို့ထက် တပွဲပိုအခြေအနေမှာ အဆင့် ၁၁ နေရာမှာ ရပ်တည်ခဲ့ပြီး အာဆင်နယ်ကတော့ ချဲလ်ဆီးနဲ့ရမှတ်တူ အဆင့် ၃ နေရမှာ ရပ်တည်နေပါတယ်။
DVB

image