26 w - Translate

အာဆင်နယ်နှင့် တွေ့ဆုံချိန်၌ မန်ယူ ရှုံးမည်ဟု နည်းပြ ကလော့ပ် သုံးသပ်
မန်ယူအသင်းအနေနဲ့ လာမယ့်လပိုင်းမှာ အာဆင်နယ်နဲ့ တွေ့တဲ့အချိန်မှာ ရှုံးနိမ့်သွားလိမ့်မယ်လို့ လီဗာပူးနည်းပြ ကလော့ပ်က သုံးသပ်ပြောကြားသွားပါတယ်။

မန်ယူအသင်းနဲ့ နှစ်ဂိုးစီသရေကျတဲ့ပွဲစဉ်အပြီးမှာ မန်ယူအသင်းရဲ့ခြေစွမ်းအပေါ် လီဗာပူးနည်းပြ ကလော့ပ်က သုံးသပ်သွားခဲ့တာပါ။

အာဆင်နယ်နဲ့ မန်ယူအသင်းတို့ဟာ ပရီးမီးယားလိဂ်ပွဲစဉ် ၃၇ အဖြစ် လာမယ့် မေ ၁၁ ရက်မှာ ယှဉ်ပြိုင်ကစားရဖို့ ရှိနေတာပါ။

လီဗာပူးအသင်းနဲ့ နှစ်ဂိုးစီသရေကျခဲ့တဲ့ ခြေစွမ်းအတိုင်းသာဆိုရင် အာဆင်နယ်အသင်းကို မန်ယူအသင်း ရှုံးနိမ့်သွားမှာဖြစ်ကြောင်း၊ အဲဒီလိုပြောရတဲ့အပေါ် စိတ်မကောင်းဖြစ်မိကြောင်း နည်းပြကလော့ပ်က ပြောသွားတာပါ။

လီာပူးအသင်းဟာ အခုနှစ်ရာသီမှာ မန်ယူအသင်းနဲ့ တွေ့ဆုံတဲ့ ပွဲစဉ် ၃ ပွဲမှာ နိုင်ပွဲမရခဲ့ဘဲ ပရီးမီးယားလိဂ်မှာ နှစ်ပွဲစလုံး သရေကျပြီး အက်ဖ်အေဖလားမှာ ရှုံးနိမ့်ခဲ့ရတာ ဖြစ်ပါတယ်။

image