ကျေးလက်ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရန် မြန်မာ-တရုတ်ဆွေးနွေး
ကျေးလက်ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒီဇင်ဘာ ၃ ရက်က မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး၊ မြန်မာနိုင်ငံ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ တရုတ်နိုင်ငံကျေးလက်ဖွံ့ ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း(CFRD)တို့မှ တာဝန်ရှိသူများ ဒေသတွင်းခရီးသွားလုပ်ငန်းမှ ကိုယ်စားလှယ်များဆွေးနွေးခဲ့ကြသည်။
မြန်မာ-တရုတ်နှစ်နိုင်ငံကျေးလက်ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်မှုအခြေအနေ၊ မူဝါဒအစီအမံများနှင့် ပူးပေါင်းဆောင်ရွက်ရေးအလားအလာများကို ဆွေးနွေးခဲ့ကြသည်။
ထို့ပြင် ကျေးလက်ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုး တက်ရေးသည် ပြည်သူများလူနေမှုဘဝတိုး တက်ကောင်းမွန်လာစေရေး၊ စီးပွားရေးအင်အားများတိုးများလာစေရေးနှင့် ကောင်းမွန်သော ရိုးရာယဉ်ကျေးမှုအား ထိန်းသိမ်းစောင့်ရှောက် လက်ဆင့်ကမ်းရေးတို့အတွက်လည်းအသိအမှတ်ပြုခဲ့ကြသည်။
ထို့အတူ ဆွေးနွေးပွဲတက်ရောက်လာသည့် ခရီး သွားလုပ်ငန်း ကိုယ်စားလှယ်များမှလည်း တ ရုတ်နိုင်ငံခရီးစဥ်တွင် တွေ့မြင်ကြုံတွေ့မှုများကိုရှင်းလင်းပြောကြားခဲ့ပြီးနောက် ကျေးလက်ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်မှုမြှင့်တင်ရေးကိုလည်း အကြံပြုဆွေးနွေးခဲ့ကြသည်။

