ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခြံအမှတ် (၅၄) ကို စျေးလျော့ လေလံတင်ရောင်းချမယ့် အမှုကို လာမယ့် ရုံးချိန်းမှာ အမိန့်ချမယ်
ဒီဇင်ဘာ ၅
ရန်ကုန်၊ တက္ကသိုလ်ရိပ်သာ လမ်းက အမွေဆိုင် အငြင်းပွားမှု ဖြစ်နေတဲ့ ခြံအမှတ် (၅၄) အမှုကို လာမယ့် ရုံးချိန်းမှာ အမိန့်ချမယ်လို့ သိရပါတယ်။
အဲ့ဒီခြံ နေအိမ်ဝင်းကို ဒေါ်အောင်ဆန်းစုကြည်ရဲ့ အစ်ကို ဖြစ်သူ ဦးအောင်ဆန်းဦးက ထပ်မံ စျေးလျော့ လေလံတင် ရောင်းချဖို့အတွက် တရားရုံးကို ထပ်မံတင်ပြထားခဲ့တာပဲ ဖြစ်ပါတယ်။
ငွေကျပ် (၃၁၅) ဘီလီယံနဲ့ တစ်ကြိမ်၊ ငွေကျပ် (၃၀၀) ဘီလီယံနဲ့ တစ်ကြိမ် လေလံတင် ရောင်းချခဲ့ပေမယ့် လေလံဆွဲ ဝယ်သူမရှိခဲ့သေးတာကို တွေ့ရပါတယ်။
ခြံအမှတ် (၅၄) ဟာ ၁ ဒသမ ၉၂၃ ဧက ကျယ်ပြီး စတုရန်းပေး အတိုင်းအတာနဲ့ဆို ၈၃၇၆၅ ဒသမ ၈၈ ပေ ရှိတယ်လို့ သိရပါတယ်။
လာမယ့် ဒီဇင်ဘာ (၁၈)ရက်နေ့ ရုံးချိန်းမှာတော့ အမှုကိစ္စနဲ့ ပတ်သက်ပြီး အမိန့်ချမှတ်သွားမယ်လို့ သိရပါတယ်။
#centralnewsnaypyitaw
