ကားစီးရင်အန်တတ်တဲ့ အချစ်က
ရွှေတိဂုံဘုရားလိုက်ပို့ပါတဲ့
ရှူဆေးဘူးက လက်ထဲမှာ
ကျွတ်ကျွတ်အိတ်က အိပ်ကပ်ထဲမှာ....

အချစ်ရဲ့ ဖိနပ်ကို လက်ကဆွဲ
အချစ်ရဲ့လက်ကို တစ်ဖက်ကတွဲ
ဘဒ္ဒကမ္ဘာမှာ ကိုယ့်ရဲ့ပျော်ရွှင်မှုဟာ
မင်းရဲ့မခို့တရို့လေး ပြုံးတဲ့အခါပေါ့

#စာရယ်ကဗျာရယ်
#crd_ဝဏ္ဏ
#admin_maltin