🍝🍝 ဆန်ကြာဇံ ကြော် 🍝🍝 ဒုတ်ထိုးနဲ့တွဲစားဖို့ပါ😍
🔥🔥ပါဝင်ပစ္စည်းများ 🔥🔥
1..ဆန်ကြာဇံ 👉👉👉၁ထုပ် (၂၅ကျပ်သား)
2..ဂေါ်ဖီထုပ် 👉👉👉တစ်စိတ်
3..ဥနီ 👉👉👉တစ်လုံး
4..ပဲတောင့်ရှည်👉👉👉၁၀ တောင့်
5..ပဲငံပြာရည် ကြည် 👉👉👉ထမင်းစားဇွန်း ၃ ဇွန်း
6..ပဲငံပြာရည်အနောက် 👉စားပွဲတင်ဇွန်း ၂ ဇွန်း
7..ခရုဆီ 👉👉👉ထမင်းစားဇွန်း ၂ ဇွန်း
8..ကြက်ဥ. 👉👉👉၅ လုံး
9..သကြား 👉👉👉စားပွဲတင်ဇွန်း ၃ ဇွန်း
10..အသားမှုန့် 👉👉👉စားပွဲတင်ဇွန်း ၁ ဇွန်း
11..ဆား 👉👉👉စားပွဲတင်ဇွန်း ၁ ဇွန်း
12..ဆီ 👉👉👉၅ ကျပ်သား
13..ကြက်သွန်ဖြူ 👉👉👉၃ မွှာ
14..တရုတ်နံနံ 👉👉တစ်စည်း
✂✂ ချက်ပြုတ်နည်း ✂✂
--ကြာဇံ ကို ၁၅ မိနစ် ခန့် ရေစိမ်ထားပါ။ပဲငံပြာရည် အနောက်နဲ့ ကြာဇံကို လူးပေးပါ။ အိုးထဲမှာဆို ကြာဇံတွေပြတ်သွားနိုင်ပါသည်။
--အသီးအနှံတွေကို တော်သင့်ရုံလှီးပါ။ ကြက်ဥတွေကို ခေါက်ပြီး ပြားပြားလေးတွေကြော်ထားပါ။ ကြက်သွန်ဖြူဆီသတ် ပါ။
--အသီးအနှံ တွေကို ဆီသတ်ထားတဲ့ထဲထည့် ပြီးရေနည်းနည်း နှင့် နူးတဲ့ထိကြော်ပါ။ အရသာ မှုန့်တွေ နှင့် ခရုဆီ၊ ပဲငံပြာရည် တစ်ဝက် ခန့် ထည့်ပြီးနူးအောင်ကြော်ပါ။
--ကြာဇံ ထည့်ပြီး လက်ကျန် အရသာမှုန့် နှင့် ခရုဆီ ၊ ပဲငံပြာရည် အကြည် တို့ထည့်ပြီး ဖြေးဖြေးလေး မွှေပါ။ ရေနွေးနည်းနည်းလေးထဲပါ။ ကြာဇံတွေ ပြတ်မသွားအောင် ဂရုစိုက်မွှေပါ။
--နှံအောင် မွှေပြီးလျှင် ကြော်ထားသော် ကြက်ဥလေးတွေကို ပါးပါးလေး ညှပ်ပြီး ကြာဇံ ကြော် အပေါ်မှ ဖြူးပေးပါ။ အရသာမြည်းကြည့်ပြီး ချ ကာနီးဆို တရုတ်နံနံ လေး ဖြူးပေးပါ။
--အရသာရှိသော ကြာဇံကြော်ကို ဒုတ်ထိုလေးနဲ့ တွဲစားလို့ရပါပြီနော်🌟🌟✌✌✌🙏🙏😍😍
