21 w - Translate

တောင်ကိုရီးယားသမ္မတရုံးအကြီးတန်းအရာရှိအားလုံးနှုတ်ထွက်စာတင်

ဆိုးလ်၊ဒီဇင်ဘာ ၄

တောင်ကိုရီးယားသမ္မတရုံး ဦးစီးအရာရှိချုပ်အပါအဝင် အကြီးတန်းအတွင်းဝန်များအားလုံးသည် ယနေ့ ဒီဇင်ဘာ ၄ ရက်နေ့တွင် အစုလိုက်အပြုံလိုက်ရာထူးမှနှုတ်ထွက်စာတင်ခဲ့ကြကြောင်းသိရသည်။

၎င်းတို့သည် သမ္မတရုံး ဦးစီးအရာရှိချုပ်ဦးဆောင်သည့် အကြီးတန်းအတွင်းဝန်များအစည်းအဝေးကျင်းပပြီးနောက် ရာထူးမှနုတ်ထွက်စာတင်ကြခြင်းဖြစ်သည်။

တောင်ကိုရီးယား၌ သမ္မတယွန်းဆော့ယော်သည် ယမန်နေ့ညက အရေးပေါ်စစ်အုပ်ချုပ်ရေးကို ကြေငြာခဲ့ပြီး ရုတ်ရုတ်သဲသဲဖြစ်သွားခဲ့သော်လည်း လွှတ်တော်တွင်မဲခွဲဆုံးဖြတ်ချိန်၌ အမတ်များ၏ ပြတ်ပြတ်သားသားကန့်ကွက်မှုများကြောင့် သမ္မတကအဆိုပါကြေငြာချက်ကို ပြန်လည်ရုတ်သိမ်းခဲ့ရခြင်းလည်းဖြစ်သည်။

တောင်ကိုရီးယား၏ ဖွဲ့စည်းပုံအခြေခံဥပဒေအရ လွှတ်တော်အမတ်အများစုက ဝိုင်းဝန်းကန့်ကွက်ပါက သမ္မတအနေဖြင့် စစ်အုပ်ချုပ်ရေးကို မဖြစ်မနေရုတ်သိမ်းပေးရမည်ဖြစ်သည်။

Source : ရှင်းဟွာ

image