21 w - Translate

လီဗာပူးတိုက်စစ်မှူး ဆာလာ PSG သို့ ပြောင်းရွှေ့မည်ဟု ပြင်သစ်သတင်းစာ ဖော်ပြ

လီဗာပူး တိုက်စစ်ကစားသမား မိုဆာလာဟာ ပြင်သစ်ထိပ်သီးကလပ် PSG အသင်းဆီ ပြောင်းရွှေ့လိမ့်မယ်လို့ ပြင်သစ်သတင်းစာ L’Equipe က ဖော်ပြလိုက်ပါတယ်။

ဆာလာဟာ အခုနှစ်ရာသီအကုန်မှာ လီဗာပူးနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးမှာဖြစ်ပြီး အသင်းဘက်က ကမ်းလှမ်းမှု တစုံတရာမရှိကြောင်း လူသိရှင်ကြား ပြောပြထားတာပါ။

ဆာလာဟာ လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့မှာ PSG ဆီ ပြောင်းရွှေ့ဖို့ အကြိုသဘောတူညီမှု ရယူထားလိမ့်မယ်လို့ သတင်းထွက်နေပြီး ရာသီအကုန်မှာ အပြီးသတ် ပြောင်းရွှေ့လိမ့်မယ်လို့ သတင်းတွေမှာ ဖော်ပြကြပါတယ်။

ဆာလာဟာ PSG အသင်းပိုင်ရှင် နက်စ်ဆာအယ်ခါလိုင်ဖီနဲ့ ရင်းနှီးတဲ့ဆက်ဆံရေးရှိပြီး အရင်ကတည်းက အသင်းပြောင်းရွှေ့ဖို့ စကားပြောဆိုခဲ့ဖူးတယ်လို့ သိရပါတယ်။
DVB
Photo : Reuters

image